Healthy Life Ad
Q & A

လင်မယားအတူနေစဉ် ပြဿနာအဖြေရှာ

မေး. ကျွန်မအိမ်ထောင်ကျတာ မကြာသေးပါဘူး။ ကျွန်မအမျိုးသားကလွဲရင် ကျွန်မရည်းစားတောင် မထားဖူးပါဘူးဆရာ။ ကျွန်မအရမ်းဝလို့ အတူတူနေဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်ပါဘူးရှင်။ ဒါပေမဲ့ ကျွန်မအမျိုးသားနဲ့ အတူတူစနေတော့ ကျွန်မဆီက သွေးလည်းမထွက်သလို ချောင်နေလို့ ကျွန်မအမျိုးသားက ပြဿနာရှာနေလို့ပါဆရာ။ ဘယ်လိုကြောင့်လဲ။ ကျွန်မဘာလုပ်ရမလဲရှင့်။ မရိုသေတာ မဟုတ်ပါဘူး။ ကျွန်မ တကယ်အခက်အခဲတွေ့နေလို့ပါ။
MS (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. အဝမလွန်အောင်ထိန်းပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ အထူးသဖြင့် တင်ပဆုံပိုင်း လေ့ကျင့်ခန်းအနေနဲ့ ပက်လက်အိပ်နေစဉ်မှာ ဆီးညှစ်သလို ညှစ်ချီ၊ လျှော့ချီအနည်းဆုံး နေ့စဉ် ၁၀-၂၀ ကြိမ်လောက်လုပ်ပေးပါ။ အတူနေတဲ့အခါ ပုံစံပြောင်းလဲကြည့်ပါ။ အဓိကကတော့ အမျိုးသားကို နားလည်အောင် ရှင်းပြဖို့ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top