Healthy Life Ad
Life Style

မေးစေ့နှစ်ထပ်ဖြစ်နေသူတို့အတွက် အပြင်အဆင်

၊ လရိပ်မေ ၊

မေးစေ့နှစ်ထပ်ဖြစ်နေရင် ရှိရင်းစွဲ အလှအပ လျော့ကျသွားပြီး ဆွဲဆောင်မှုလည်း နည်းသွားပါ တယ်။ အဝလွန်တာ၊ မျိုးရိုးဗီဇ၊ အသက်ကြီးတာ၊ ကိုယ်အလေးချိန် ရုတ်တရက် မြင့်တက်တာ စတဲ့ အခြေအနေတွေကြောင့် မေးစေ့နှစ်ထပ်ဖြစ်တတ်ပါတယ်။ လည်ပင်းတစ်ဝိုက်ရှိ အရေပြားမှာ အဆီတွေ စုပုံနေတာကြောင့် မေးစေ့နှစ်ထပ်ဖြစ်ရတာပါ။ မေးစေ့နှစ်ထပ်ဖြစ်ရင် ကြည့်ရတာ အသက်ပိုကြီးသွားသလို၊ ဆွဲဆောင်မှုမရှိသလို ထင်ရစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာက မေးစေ့နှစ်ထပ်ဖြစ်တာကို ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်း ဖြစ်ပေမယ့် မေးစေ့ နှစ်ထပ်ဖြစ်လာချိန်မှာ ကြည့်ကောင်းအောင် ပြုပြင်သင့်တဲ့ နည်းလမ်းတွေကိုအကြံပြုလိုက်ပါတယ်။

ဆံပင်ပုံစံ
သင့်ဆံပင်ပုံစံက လည်ပင်းနားမှာ ဝဲကျနေတဲ့ ပုံဆိုရင် လူတွေက သင့်မေးစေ့နှစ်ထပ်ကို သတိထား မိစေပါတယ်။ မေးစေ့တစ်ဝိုက်ကို အာရုံမစိုက်မိစေ မယ့် ဆံပင်ပုံစံကို အဆင်ပြေအောင် ပြောင်းလိုက် တာက မေးစေ့နှစ်ထပ်ဖြစ်တာကို မသိသာစေတော့ ပါဘူး။
ဆံပင်ကို ခပ်တိုတိုညှပ်ပြီး နားရွက်ကြားထဲ ဆံပင်တွေကို ညှပ်လိုက်တာက လည်ပင်းကို ရှည်သွားသလို ထင်ရစေကာ မေးစေ့နှစ်ထပ်ဖြစ်တာက မသိ သာတော့ပါဘူး။ ဆံပင်ရှည် ထားချင်ရင် ပခုံးအောက် အထိရှည်တဲ့ ဆံပင်ပုံမျိုး ဒါမှမဟုတ် ဆံပင်ကိုနောက် တွဲဆံထုံးထုံးတာမျိုးက မေးစေ့နှစ်ထပ်ကို မသိသာစေတဲ့ ဆံပင်ပုံတွေ ဖြစ်ပါတယ်။

လိုက်ဖက်သော အဝတ်အစား
လူတိုင်းနဲ့ လိုက်တဲ့ အဝတ်အစား ဆိုတာရှားပါ တယ်။ လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်ပုံစံအပေါ် မူ တည်ပြီး လိုက်ဖက်တဲ့ အဝတ်အစားတွေကလည်း ကွဲ ပြား ခြားနားနေနိုင်ပါတယ်။ မေးစေ့နှစ်ထပ် ဖြစ်နေ ရင် လည်ပင်းအဟိုက်ဖြစ်နေတဲ့ အင်္ကျီကို မဝတ်ပါနဲ့။ လည်ပင်းဟိုက်နေရင် သင့်မေးစေ့နဲ့ လည်ပင်းကို ပိုအာရုံစိုက်မိစေလို့ပါ။ ကော်လာမြင့်မြင့်တွေပါတဲ့ အင်္ကျီတွေကိုလည်း မဝတ်ပါနဲ့။ လည်ပင်းနေရာကို အစ်နေစေပြီး မေးစေ့နှစ်ထပ်ဖြစ်တာကို သိသာနေစေလို့ပါ။

မေးစေ့နှစ်ထပ်ဖြစ်နေသူတွေအတွက် အသင့်တော်ဆုံး အင်္ကျီက ဗီပုံသဏ္ဍာန်လည်ပင်းပေါက်ပါတဲ့ အင်္ကျီ၊ သင်္ဘောပုံသဏ္ဍာန် လည်ပင်းပေါက်ပါတဲ့ အင်္ကျီနဲ့ ကော်လာအနိမ့်ပါတဲ့ အင်္ကျီတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဒီလို အင်္ကျီပုံတွေက မေးစေ့ဆီကို မျက်စိအကြည့်မရောက်စေပါဘူး။ မေးစေ့နှစ်ထပ်ဖြစ်တာကို ဖုံးကွယ်ဖို့ အကောင်းဆုံး နည်းတစ်ခုက ပဝါပတ်ထားတာပဲ ဖြစ်ပါတယ်။

လက်ဝတ်လက်စား
မေးစေ့နှစ်ထပ်ဖြစ်တာကို ဖုံးကွယ်နိုင်မယ့် နောက်ထပ်လည့်စားနည်းက နားကပ်သေးသေးတွေ ပဲ ပန်ဖို့ ဖြစ်ပါတယ်။ နားကွင်းကြီးကြီးတွေ၊ မေးစေ့ အထိရှည်တဲ့ နားဆွဲရှည်တွေက မေးစေ့ နှစ်ထပ်ဖြစ် တာကို သိသာစေပါတယ်။ လည်ဆွဲဝတ်တဲ့အခါမှာ တော့ ပြောင်းပြန်ပါ။ လည်ဆွဲကပ်ကပ်တွေ၊ လည် ဆွဲသေးသေးတွေက မေးစေ့နှစ်ထပ်ဖြစ်တာကို သိ သာစေတာကြောင့် လည်ဆွဲရှည်ရှည်ကို ဝတ်သင့်ပါ တယ်။ လည်ဆွဲက လည်ပင်းနဲ့ ဝေးလေလေ၊ မေး စေ့နဲ့ လည်ပင်းဆီ မျက်စိအကြည့်မရောက်လေလေပဲ ဖြစ်ပါတယ်။

မိတ်ကပ်ပြင်ဆင်မှု
အရေပြားအရောင်နဲ့ အနီးစပ်ဆုံး ဖောင်ဒေးရှင်း မိတ်ကပ်ကို မျက်နှာမှာ လိမ်းပါ။ လည်ပင်းနဲ့ မေးစေ့ ကိုလိမ်းတဲ့ ဖောင်ဒေးရှင်းမိတ်ကပ်အရောင်က မျက် နှာကိုလိမ်းတဲ့ ဖောင်ဒေးရှင်း မိတ်ကပ် အရောင်ထက် ပိုရင့်ပြီး ပိုမှောင်ဖို့ လိုပါတယ်။ ဒါဆိုရင် မေးစေ့နှစ် ထပ်ဖြစ်တာက လျော့သွားပြီး သိပ်မသိသာတော့ပါဘူး။ နှုတ်ခမ်းနီကိုလည်း အရောင်ဖျော့တဲ့ နှုတ်ခမ်းနီအ ရောင်ကို ဆိုးပေးဖို့ လိုပါတယ်။

ခန္ဓာကိုယ် အနေအထား
လမ်းလျှောက်တဲ့အခါ၊ထိုင်တဲ့အခါ၊ မတ်တပ်ရပ် တဲ့အခါနဲ့ အိပ်နေတဲ့အခါ တွေမှာတောင် သင့်ကိုယ် ဟန်ကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ခန္ဓာကိုယ်အနေ အထားမှန်ကန်မှုကြောင့် မေးစေ့နှစ်ထပ်ဖြစ်တာ လျော့ကျသွားနိုင်ပါတယ်။ မေးစေ့ကို မြှင့်ထားတဲ့ အနေအထားမျိုးနဲ့နေတာက ဆွဲဆောင်မှု ရှိစေပြီး မေးစေ့နှစ်ထပ်ဖြစ်တာကို မသိသာစေပါဘူး။ မေးစေ့ကိုမြှင့်ပြီး ပခုံးကိုမြှင့်ကာ ကိုယ်ဟန်ကို မတ်မတ်ထားတာက ခါးနာတာကိုလည်း ကင်းဝေးစေပါတယ်။

သတိပြုရန်
မေးစေ့နှစ်ထပ်ဖြစ်တာကို လျော့ကျစေဖို့အ တွက် လေ့ကျင့်ခန်းတွေကို ပုံမှန် လုပ်ပေးသင့်ပါ တယ်။ ခန္ဓာကိုယ်က အဝလွန်ပြီး အဆီပိုတွေ ရှိနေရင် လျော့ကျအောင် လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပေးတာကြောင့် မေးစေ့နှစ်ထပ်ဖြစ်တာက လျော့ပါးသွားမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top