Healthy Life Ad
International

ကင်ဆာရောဂါကို ကိုးကြိမ်တိုင် အန်တုအနိုင်ယူနိုင်ခဲ့သည့် အမျိုးသား

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ အသက် ၅၄ နှစ်အရွယ် အင်ထရူးကူဇီဟာ ကင်ဆာရောဂါကို ကိုးကြိမ်တိုင် အန်တုအနိုင်ယူနိုင်ခဲ့ပါတယ်။ ၁၉၇၀ခုနှစ် အသက်၈နှစ်အရွယ်မှာ အရေပြားကင်ဆာဖြစ်ပွားတာကြောင့် နားအစိတ်အပိုင်းအချို့ ဖယ်ရှားခဲ့ရပါတယ်။ ၁၉၈၄ခုနှစ်မှာ အရိုးကင်ဆာဖြစ်ပွားပြီး ညို့သကျည်းမှ တံကျင်ရိုးအစိတ်အပိုင်းတွေကို ဖယ်ထုတ်ခဲ့ရပါတယ်။ ၁၉၈၄ခုနှစ်မှာ ၂နှစ်သာ အသက်ရှင်နိုင်မယ်လို့ ဆရာဝန်တွေခန့်မှန်းခံရတဲ့ သည်းခြေအိတ်ကင်ဆာကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ၁၉၈၇ခုနှစ်မှာ မှဲ့ကင်ဆာပုံစံနှစ်မျိုး ဖြစ်ပွားခဲ့ပြီး ၂၀ဝ၃ ခုနှစ်မှာ ကျောက်ကပ်ကင်ဆာတစ်မျိုးဖြစ်ပွားခဲ့ကာ ဆရာဝန်တွေက အသက်ရှင်နိုင်ခြေ ၄ရာခိုင်နှုန်းသာရှိတယ်လို့ ခန့်မှန်းခဲ့ပေမယ့် အောင်မြင်စွာကျော်လွှားနိုင်ခဲ့ပြန်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကင်ဆာဖြစ်နေတဲ့မှဲ့သုံးလုံးကို ဖယ်ရှားခဲ့ရပြန်ပါတယ်။

သူ့ရဲ့အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်၊ ယုံကြည်ချက်ပြင်းထန်မှုနဲ့ ဆရာဝန်တွေရဲ့ ကျွမ်းကျင်မှုတွေကြောင့် ကင်ဆာရောဂါတွေကို အောင်နိုင်ခဲ့တယ်လို့ အင်ထရူးကပြောပြပါတယ်။ ဒီလို ကင်ဆာရောဂါ အကြိမ်ကြိမ်ဖြစ်ပွားရတာဟာ မျိုးရိုးနဲ့သက်ဆိုင်မယ်လို့ သူကယုံကြည်နေပါတယ်။ အင်ထရူးရဲ့ အဘိုးနဲ့ဖခင်ဟာလည်း ကင်ဆာရောဂါတွေနဲ့ ကွယ်လွန်သွားခဲ့ကြတာဖြစ်ပါတယ်။ ကင်ဆာဖြစ်နေတဲ့ မိတ်ဆွေတစ်ယောက်ကို ကူညီချင်တယ်ဆိုရင် လူကိုယ်တိုင် သွားရောက်အားပေးဖို့လိုကြောင်းနဲ့ မိတ်ဆွေတွေက ကင်ဆာပျောက်ကင်းအောင် မတတ်စွမ်းနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရရှိဖို့ အထောက်အကူပြုကြောင်း အင်ထရူးက အကြံပြုထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top