Healthy Life Ad
Life Style

ဘဝတွင် စိတ်ချမ်းသာပျော်ရွှင်စေဖို့ ပြောင်းလဲပစ်သင့်သည့် အတွေးများ

ငွေကြယ်စင်ယံ
ဘဝမှာ ကံကောင်းလိုက်၊ ကံဆိုးလိုက် တစ်လှည့်စီ ကြုံဆုံနေရမှာပါ။ ကံမကောင်းတဲ့အခါ ကံဆိုးတယ်ဆိုတဲ့ အတွေးတွေးမယ့်အစား စိတ်ချမ်းသာအောင် ပြောင်းတွေးလိုက်ပါ။ တစ်ခါတစ်ရံ အဲဒီကံဆိုးမှုဟာ သင့်ဆီကို ပိုကောင်းမွန်တဲ့ ဘဝခရီးလမ်း ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အခက်အခဲကြုံတိုင်း အတွေးတွေကို ပြောင်းလဲကြည့်ရ အောင်။

သူက ငါ့ကိုထားခဲ့တယ်ဆိုပြီး ကြေကွဲဝမ်းနည်းနေမယ့်အစား ပျော်ရွှင်မှုအစစ်ရဖို့ ခြေတစ်လှမ်း ပိုနီးလာပြီလို့တွေးတောပါ။

“ နုပျိုတဲ့ အလှမရှိတော့ဘူး” ဆိုတဲ့အတွေးအစား “ ငါ အရင်လိုလှတုန်းပဲ၊ ပိုပြီးဥဏ်ရှိလာတယ်” လို့တွေးတောပါ။

“ သူတို့ ငါ့ကို လုပ်ရက်လိမ့်မယ်လို့ မထင်ခဲ့ဘူး” ဆိုတဲ့ အတွေးအစား “ ဒီမှာ ထပ်ပြီး လုပ်စရာအ လုပ်ရှိသေးတာပဲ။ အသစ်တစ်ခုခုလုပ်ဖို့ အချိန်ရတာပေါ့” လို့ တွေးတောပါ။

“ ဘုရားရေကိုယ်ဝန်ရှိနေပြီ၊ ကလေးယူဖို့ ငါအဆင်သင့်မဖြစ်သေးဘူး” လို့ တွေးတော့မယ့်အစား
“ မကြာခင်ကမ္ဘာလောကထဲ လူသားတစ်ယောက် ခေါ်ဆောင်နိုင်တော့မယ်” လို့ တွေးတောပါ။

“ စာမေးပွဲကျလို့ကျောင်းထွက်ခဲ့ရပြီ” ဆိုတဲ့အတွေး အစား “ ငါကငယ်ရွယ်ပြီး ရည်မှန်းချက်ရှိတယ်။ လမ်းကြောင်းတွေအများကြီးရှိတယ်၊ လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေရှိတာပဲ” လို့ တွေးတောပါ။

“ ထပ်ရှုံးပြန်ပြီ” ဆိုတဲ့ အတွေးအစား
“ ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲဆိုတာ အခုသိပြီ” လို့ တွေးတောပါ။

“ သူ ငါ့ကိုပြန်မချစ်ဘူး” ဆိုတဲ့ အတွေးအစား
“ ငါ့ကို ချစ်တဲ့သူတွေနဲ့ ဘဝကိုစမယ်” လို့ တွေးပါ။

“ ၁၀ နှစ်လောက် ဘဝမှာ အရေးမပါတဲ့ အလုပ်နဲ့ အချိန်ဖြုန်းမိခဲ့တာပဲ” ဆိုတဲ့ အတွေးအစား
“ တန်ဖိုးရှိတဲ့ အတွေ့အကြုံနဲ့ ဗဟုသုတတွေရခဲ့တယ်” လို့ တွေးတောပါ။

“ ကလေးအတွက် ငါ့ဘဝတက်လမ်းကို စွန့်လွှတ်ပစ်ရလိမ့်မယ်လို့ မထင်ခဲ့ဘူး” ဆိုတဲ့ အတွေးအစား
“ ကလေးလေးရဲ့ အရေးပါတဲ့ အချိန်တိုင်း၊ အချိန်တိုင်း သူ့ဘေးမှာရှိနေရတော့မယ်” လို့တွေးပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top