Healthy Life Ad
International

၁၆ ကြိမ်ကိုယ်ဝန်ပျက်ကျပြီးမှ သားဦးလေးရရှိခဲ့သည့် မိခင်

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ ကေးလိဝုဒ်ဟာ သားဦးလေးကို ပွေ့ချီရင်း ကိုယ်ဝန် ၁၆ ကြိမ်ပျက်ကျခဲ့တဲ့ ၁၀ နှစ်တာကာလကို မေ့လျော့သွားကာ အကြီးအကျယ် ပျော်ရွှင်နေခဲ့ပါတယ်။

စိတ်ပျက်အားငယ်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင် စိတ်ဆင်းရဲရတဲ့ ကာလတွေကို ကြုံတွေ့ခဲ့ပြီး ဒီတစ်သက် ကလေးအမေဖြစ်ပါတော့မလားဆိုတဲ့ အတွေးဝင်ရောက်ခဲ့ကြောင်း ကေးလိကဆိုပါတယ်။ ကေးလိဟာကိုယ်ဝန်ရှစ်ပတ်မပြည့်ခင် ကိုယ်ဝန်ဆောင်အစောပိုင်းကာလတွေမှာ ခဏခဏကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။ ဆရာဝန်တွေ စစ်ဆေးကြည့်ချက်အရ သူ့ ဗိုက်ထဲမှာအပြစ်အနာအဆာဖြစ်နေတဲ့ တစ်သျှူးတွေကိုတွေ့ရှိခဲ့တာကြောင့် ဖယ်ထုတ်ခွဲစိတ်ခဲ့ရပါတယ်။ ခွဲစိတ်ပြီး နောက်မှာလည်း ၁၆ ကြိမ်မြောက် အဖြစ် နောက်ထပ်တစ်ခါ ကိုယ်ဝန်ပျက်ကျခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ နှစ်အစောပိုင်းက သူဟာ ၁၇ ကြိမ် မြောက်ကိုယ်ဝန်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက သားလေးရက်ဂီကို ခဲရာခဲဆစ်မွေးဖွား နိုင်ခဲ့ပါတော့တယ်။ နောက်ဆုံးမှာ ကလေးတစ်ယောက် အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီး ကိုယ့်လက်တွေနဲ့ပွေ့ချီရတဲ့ အရသာဟာ အတိတ်ကကြေကွဲစရာတွေကို မေ့ပျောက်သွားစေကြောင်း ကေးလိကပြောပြပါတယ်။ မိခင်ဘဝကို ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် သူရဲ့ဘဝဟာ ပြီးပြည့်စုံသွားခဲ့ပြီဖြစ်ကြောင်း သူက ဆက်ပြောပြခဲ့ပါတယ်။
(Ref;TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top