Healthy Life Ad
Child

ကလေးရဲ့ ပလုတ်ပလောင်း စားတဲ့ အကျင့်ပျောက်အောင် . . .

မေး။ ။ ကျွန်မကလေးက အစားအသောက်ကို မြန်မြန်ပလုတ်ပလောင်းစားတတ်တဲ့ အကျင့်ရှိပါတယ်။ အဲဒီလို စားတဲ့အကျင့်ကြောင့် ဘယ်လို နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တတ်ပါသလဲ။ အဲဒီလို ပလုတ်ပလောင်း မစားအောင် ဘယ်လို ကျင့်ပေးရပါ့မလဲ။

နန်းမွှေး၊ တောင်ကြီး။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ ကလေးက အစားအသောက်ကို မြန်မြန်ပလုတ်ပလောင်းစားတတ်တဲ့ အကျင့်ရှိရင် နောက်ဆက်တွဲ အနေနဲ့ဝလာတတ်ပါတယ်။ အစားအသောက်ကို အမြန်ကြီး စားလိုက်တော့ အများကြီး စားဖြစ်သွားလိမ့်မယ်။ အဲဒီတော့ နောက်ဆက်တွဲအနေနဲ့ ဝလာပါလိမ့်မယ်။ ဒီလိုမဖြစ်အောင် ကလေးကို အစာတစ်လုတ် ပါးစပ်ထဲထည့်တိုင်း အနည်းဆုံး ခုနှစ်ချက်ဝါးပြီးမှ မျိုချတဲ့အကျင့် လုပ်ခိုင်းရပါမယ်။ ဘာစားစား ၁-၂-၃ စသဖြင့် ၇ အထိရေပြီး ကြိတ်ဝါးစေရပါမယ်။ ပါးစပ်ထဲကို အစာတစ်ခါထည့်ရင် အများကြီးမထည့် ခိုင်းပါနဲ့။ ဇွန်းလေးနဲ့ဆိုရင်လည်း နည်းနည်းချင်း ထည့်ပြီးမှ စားခိုင်းရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top