Healthy Life Ad
International

အရပ် ၂ပေမပြည့်သည့် အမျိုးသား နတ်ဘုရားအဖြစ် ကိုးကွယ်ခံရ

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှ အသက် ၂၁ နှစ်အရွယ် မန်ပရစ်ဆင်းဟာ အရပ်အမြင့် ၁ ပေ ၁၁ လက်မ၊ ကိုယ်အလေးချိန် ၁၅ပေါင်သာရှိပါတယ်။အသက် ၁၂အရွယ်ကတည်းက ဟိန္ဒူနတ်ဘုရားဝင်စားတယ်ဆိုပြီး ရွာသားတွေက ကိုးကွယ်နေကြပါတယ်။ ခြောက်လသားအရွယ်ကတည်းက ကြီးထွားနှုန်းရပ်တန့်သွားခဲ့ပါတယ်။ မိဘတွေက ဆရာဝန်စုံအောင်ပြသခဲ့ကြပြီး ကလေးမှာ သိုင်းရွိုက်ရောဂါခံစားနေရတယ်လို့ ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။ ဆေးမျိုးစုံအောင်တိုက်ပေမယ့် မထူးခြားခဲ့ပါဘူး။ မန်ပရစ်ဟာ စကားမပြောတတ်၊ လမ်းကောင်းကောင်းမလျှောက်နိုင်ပေမယ့် သူ့ဆီက ကောင်းချီးပေးမှုရရင် ဆုတောင်းပြည့်တတ်ကြောင်း ရွာသားတွေက ယုံကြည်နေကြပါတယ်။

လူတွေက သူ့ကိုချစ်ခင်ကြပြီး နေ့တိုင်းလာရောက်ကာ ဆုတောင်းတတ်ကြတယ်လို့ သိရပါတယ်။မိဘတွေက မန်ပရစ်ရဲ့ရောဂါကိုကုသနိုင်ဖို့ အရပ်အပုဆုံး လူသားဆိုတဲ့ဂုဏ်ပုဒ်ကို အကြောင်းပြုပြီး ဝင်ငွေရအောင်ပြုလုပ်ကာ ဆေးကုစရိတ်ရရှိဖို့ မျှော်လင့်နေကြပါတယ်။ ဒီနေ့ခေတ်ဆေးပညာတိုးတက်နေတာကြောင့် မန်ပရစ်ရဲ့ရောဂါကုသနိုင်မယ်လို့ ယုံကြည်ထားကြောင်း ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top