Healthy Life Ad
International

ရုရှားဘာဘီအရုပ်မလေးက ခန္ဓာကိုယ်ပြုပြင်မထားဟုဆို

၊ မိုးမင်းထွန်း ၊

အရုပ်မကိုယ်ဟန်နဲ့ အပြာရောင်မျက်လုံးတွေကြောင့် သက်ရှိဘာဘီအရုပ်မလေးလို့ တင်စားခံရတဲ့ ရုရှားမော်ဒယ်မလေး ယူလီယာကရီဂျာက မျက်နှာခွဲစိတ်ပြုပြင်ထားခြင်းမရှိဘူးလို့ ဆိုပါတယ်။

ယူလီယာရဲ့ ကိုယ်တိုင်ရိုက်ဓာတ်ပုံတွေဟာ လူမှုမီဒီယာတွေမှာ ရေပန်းစားနေပြီး အပြာရောင်မျက်လုံးတွေဟာ မျက်ကပ်မှန်တပ်ထားတာကြောင့်မဟုတ်ဘဲ ပင်ကိုယ်အရောင်လို့ သိရပါတယ်။ အဝတ်အစားဝတ်ဆင်တဲ့အခါ စတိုင်ကျလှပစေဖို့ ရင်သား ခွဲစိတ်ပြုပြင်မှုတော့ လုပ်ထားတယ်လို့ ယူလီယာက ဝန်ခံပြောဆိုပါတယ်။

ကျောင်းမှာကတည်းက အရုပ်မလေးနဲ့ နှိုင်းယှဉ်ခံခဲ့ရတဲ့ ယူလီယာဟာ အခုအခါမှာတော့ လူမှုမီဒီယာတွေမှာ နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်လို့ နေပါပြီ။ လွန်ခဲ့တဲ့ ၅ နှစ်က မျက်လုံးကျယ်အောင် မျက်ကပ်မှန်တစ်နှစ်ကြာတပ်ဖူးပေမယ့် အခုတော့တပ်ရမှာရှက်တာကြောင့် မတပ်တော့ဘူးလို့ သိရပါတယ်။ သူ့ အတွက် ပရိသတ်တွေက မှတ်ချက်တွေပေးထားကြပြီး ပရိသတ်တစ်ယောက်က ကာတွန်းဇာတ်ကောင်အမျိုးသမီးနဲ့တူတယ်လို့ ဆိုထားပြီး တခြားတစ်ယောက်ကတော့ အံအားသင့်ဖွယ် ဘာဘီအရုပ်မလေးလို့ မှတ်ချက်ပေးထားကြပါတယ်။

(Ref;TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top