Healthy Life Ad
International

မီးတောက်မီးလျှံများက ဆေးရုံပြတင်းပေါက်နား ရောက်လာနေသော်လည်း ဆေးကုမပြတ်သည့် ဆရာဝန်

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံအရှေ့ပိုင်း ဆေးရုံတစ်ရုံမှ တည်ငြိမ်ရဲရင့်တဲ့ အမျိုးသမီးဆရာဝန်တစ်ယောက်ဟာ မီးတောက်မီးလျှံတွေက ဆေးရုံပြတင်းပေါက်နား ရောက်လာနေပေမယ့် လူနာအသက်ကယ်သွေးသွင်းတာကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

ဆေးရုံအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုက စတင်မီးလောင်ခဲ့ပြီး မီးတောက်ကြီးက ဆေးရုံဆီသို့ ဦးတည်လာနေတာကြောင့် ထိတ်လန့်နေတဲ့ ဆေးရုံဝန်ထမ်းတွေ၊ လူနာတွေက ဘေးလွတ်ရာရွှေ့ပြောင်းဖို့ စီစဉ် နေပေမယ့် သွေးသွင်းတာ တစ်ဝက်တစ်ပျက်သာရှိသေးတာကြောင့် အဆိုပါအမျိုးသမီး ဆရာဝန်က မရပ်တန့်ဘဲ ဆက်လက်လုပ် ဆောင်ခဲ့ပါတယ်။ မျက်မြင်သက်သေတစ်ယောက် ဖုန်းနဲ့ရိုက်ယူထားတဲ့ ဗီဒီယိုဖိုင်အရ သူနာပြုတွေက မြန်မြန်လုပ်ဖို့ အော်ဟစ်နေပေမယ့် ဆရာဝန်ကလူနာဆီကိုသာ အာရုံစူး စိုက်နေတာကို တွေ့ရှိရပါတယ်။ လူနာကလည်း တည်တည်ငြိမ်ငြိမ်ရှိနေခဲ့ပါတယ်။

အင်တာနက်ပေါ်တင်ခဲ့တဲ့ ဒီဗီဒီယိုဖိုင်ကို ကြည့်ရှုသူ လူ ၄ သန်းနီးပါးရှိခဲ့ပြီး ရဲရင့် တည်ငြိမ်တဲ့ အမျိုးသမီးဆရာဝန်အဖြစ် ပရိသတ်တွေက တင်စားခေါ်ဝေါ်နေကြပါတယ်။

နောက်ဆက်တွဲသတင်းတွေအရ ဆေး ရုံတစ်ခုလုံးမီးလွတ်ခဲ့ပြီး မီးသတ်သမားတွေက မီးကို အချိန်မီငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

(Ref; Ts)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top