Healthy Life Ad
Life Style

ပကတိအလှပေါ်လွင်စေဖို့ . . .

မိန်းကလေးတိုင်းမှာအလှကိုယ်စီရှိကြပါတယ်။ တချို့ မိန်းကလေးတွေက သူတို့မှာ ပိုင်ဆိုင်ထားတဲ့ အလှကို ထင်ရှားပေါ်လွင်အောင် ပြင်ဆင်တတ်ကြပေမယ့် တချို့ကတော့ ပြင်ဆင်ရာမှာ လိုအပ်နေတတ်တာကြောင့် ရှိနေတဲ့ အလှပေါ်သင့်သလောက်မပေါ်တာမျိုး ဖြစ်တတ်ပါတယ်။ ပကတိ အလှပေါ်လွင်ဖို့ ဘယ်လိုပြင်ဆင်ကြမလဲဆိုတာ ကြည့်ရအောင်။

– ရေဓာတ် ဖြည့်တင်းပါ
ရေများများသောက်ပါ။ ကဖင်းဓာတ်ပါတဲ့ အရည်တွေကို သောက်တာက လန်းသွားလို့မထင်ပါနဲ့။ ကဖင်းဓာတ်ဟာ တကယ်တော့ ခန္ဓာကိုယ်ကို ရေဓာတ်ခန်းခြောက်စေပါတယ်။ ရေသောက်ပြီး ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးပြီးရင် မျက်နှာကို ရေဓာတ်ဖြည့်တင်းဖို့အတွက် နောက်တစ်ချက်ကို ဆက်ဖတ်လိုက်ပါဦး။

– အစိုဓာတ်ဖြည့်တင်းပါ
နေ့စဉ်မျက်နှာသစ်ပြီးတိုင်း နေရောင်ကာကွယ်နိုင်စွမ်း SPF ၁၅ဆပါတဲ့ အစိုဓာတ်ထိန်းခရင်မ်ကိုလိမ်းပေးပါ။ ဒါ ဟာ သင့်အသားအရေကိုတောက်ပစေပြီး အရေပြားတင်းရင်း စိုပြည်စေပါတယ်။

– ကွန်ဆဲလ်လာလိမ်းပါ
မျက်နှာနဲ့ လည်ပင်းနေရာတွေကို အစိုဓာတ်ထိန်း ခရင်မ်လိမ်းပြီးရင် မျက်နှာကို လင်းစေပြီး မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ဖုံးကွယ်ပေးနိုင်မယ့် Concealer ကို မျက်လုံးအောက်၊ မျက်ဝန်းအတွင်းထောင့်နဲ့ မျက်ဝန်း အပြင်ထောင့်နေရာတွေကို လိမ်းပေးပါ။ မျက်ဝန်းတွေကို ကွန်ဆဲလ်လာလိမ်းတဲ့အခါ လက်ချောင်းတွေထဲမှာ အားအပျော့ဆုံးဖြစ်တဲ့ လက်သူကြွယ်ကိုသုံးပြီး လိမ်းပေးပါ။

– ဖန်တီးပြုပြင်ပါ
မျက်နှာကို အစိုဓာတ်ထိန်းအလှဆီလည်းလိမ်းပြီးပြီ၊ ညိုနေတဲ့နေရာတွေကိုလည်း ဖုံးကွယ်ပြီးပြီဆိုရင်တော့ မျက် နှာတောက်ပစေဖို့ ခြယ်သပြုပြင်ပေးရပါမယ်။ မရှိမဖြစ်လိုအပ်တဲ့ အလှပြင်ပစ္စည်းတွေကတော့-

(၁) ပါးနီ – ပါးရိုးတွေပေါ်မှာ ပါးနီကိုခြယ်သတဲ့အခါ နူးညံ့ပျော့ပျောင်းတဲ့ ဘရပ်ရှ်ကိုသုံးပြီးခြယ်ပါ။

(၂) အိုင်းရှဲဒိုး – သင်ဝတ်မယ့် ဝတ်စုံအရောင်နဲ့ လိုက်ဖက်တဲ့ အိုင်းရှဲဒိုးကိုခြယ်သပါ။

(၃) အိုင်းလိုင်နာနှင့် မက်စ်ကာရာ – အညိုရင့်ရောင် အိုင်းလိုင်နာနဲ့ မက်စ်ကာရာတို့ကိုသုံးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top