Healthy Life Ad
Life Style

ဗိုက်ခွဲမွေးခြင်းနှင့် ရိုးရိုးမွေးခြင်း (LSCS and Normal Labor)

ဒေါက်တာတင့်ဆွေ

မေး။ ။ ကျွန်မအသက်က ၂၆ ပါရှင့်။ ပထမကလေးကို ခွဲမွေးထားပါတယ်ရှင့်။ ပထမကလေးက ၁ နှစ် ၄လ ပါဆရာ။ ဒုတိယကိုယ်ဝန်ရှိနေပါတယ် ဆရာ။ ၆ လ ပါဆရာ။ ရိုးရိုးမွေးချင်တာရပါသလားဆရာ။ ကလေး ယူတာနီးလို့ ရိုးရိုးမွေးရင် ဘာအန္တရာယ်ရှိနိုင်ပါသလဲရှင့်။

ဖြေ။ ။ အဖြေကတော့ ရှင်းပါတယ်။ ဆန်းတာတိုင်းက ရိုးတာထက် နေရာတကာမှာ မသာပါ။ ကလေးမီးဖွား တာမှာ Normal Labor ဆိုတဲ့ Vaginal Canal မွေးလမ်းကြောင်းကနေ ဖွားတာက အကောင်းဆုံး ဖြစ်ပါတယ်။ မွေးလမ်းကနေ ဘာမှအကူအညီ မပါဘဲ ဓမ္မတာထုံးစံအတိုင်း မွေးနိုင်တာက ပါဖက်ဖြစ်တယ်။ Painless Childbirth တစ်ပုဒ်သပ်သပ် ရေးပါရစေ။

မွေးလမ်းကြောင်းကနေ မွေးရာမှာ တစ်ခါတလေ ကူရတာတွေ ရှိတယ်။ သားဦးမွေးရင် မွေးလမ်းကို Episiotomy ချဲ့ပေး-ပြန်ချုပ်ပေးရတာ၊ သားအိမ်ညှစ်အားနည်းနေရင် Oxytocin ဆေးကို Drip ထဲထည့်သွင်းပေးရတာ၊ မညှစ်နိုင်လို့ ဒါမှမဟုတ် ကလေးခေါင်းထွက်တာ ကြာမနေစေချင်လို့ Forceps delivery ညှပ်ဆွဲ၊ Vacuum extraction လေစုပ်စက်နဲ့ ဆွဲကူမွေးပေးရတာ၊ Artificial Rupture of membranes ရေမြွှာကို စောဖောက်ပေးတာတွေဖြစ်တယ်။

ရိုးရိုးမဟုတ်နိုင်လို့ ခွဲမွေးရတာမှာ မခွဲရင်လည်း ရနိုင်တယ်ဆိုတာနဲ့ ခွဲကိုခွဲရမှာ နှစ်မျိုးရှိတယ်။ ဘာ လို့ခွဲမွေးရသလဲ။ နောက်ကိုယ်ဝန်လာအပ်တော့ အရင်ကလေး ဘာလို့ခွဲမွေးရသလဲ မေးရင် ကောင်း ကောင်းမဖြေတတ်ကြပါ။ မခွဲရင် မရဘူးလား။ လူနာရှင်ကဆရာဝန်ကိုမမေးရဲကြတာများတယ်။ တကယ်ကို မရဘူးလားဆိုတာတွေ သိရလိမ့်မယ်။ ပြောခဲ့တဲ့ နိုင်ငံအတော်များများမှာ လူနာ-အခွင့်အရေး အပြည့် အဝမရကြပါ။ အုပ်ချုပ်သူတွေက ပြန်မေးတာမကြိုက်သလို ဆေးရုံတွေကလည်း မကြိုက်ဘူး ဖြစ်နေတယ်။

တချို့က နေ့ကောင်းရက်သာ ရွေးမွေးချင်သူ တွေလည်းရှိတယ်။ “လူနာကလည်း မခံနိုင်တော့ဘူး ဆရာ၊ ခွဲပေးပါတော့”ပြောလာသူလည်း မရှားပါ။ ဆရာဝန်က စိတ်မရှည်၊ Risk ကို နည်းနည်းမှ မယူချင်လို့ ခွဲတာလည်း ရှိပါမယ်။ ဒီလို ဆရာဝန်မျိုးကို အပြစ်မတင်နိုင်ပါ။

ခွဲမွေးရတာမှာ တခြား ရွေးစရာလမ်း မရှိတာမို့ ခွဲမွေးတာ အကောင်းဆုံး ဖြစ်တယ်။ မခွဲမဖြစ် နံပါတ် တစ်ကတော့ (CPD) ကလေးခေါင်းနဲ့ မိခင်မွေးလမ်း မတန်တဆဖြစ်တာ။ ဒါမှာလည်း (၂) မျိုး။

မအေရဲ့ အရိုးကွင်းကျဉ်းနေတာနဲ့ ကလေးက ပုံမှန်ထက် ခေါင်းကကြီးနေတာ။ ဒီအခြေအနေ နှစ်ရပ်လုံးက ခွဲကိုခွဲရပါမယ်။

နောက်တစ်မျိုးက အချင်းဟာ ပုံမှန်ရှိရမယ့် သားအိမ်အဝနဲ့ ဝေးရာမှာ မဟုတ်ဘဲ အောက်ပိုင်း ရောက်နေတာ။

အချင်းက သားအိမ်အဝကို အပြည့်ဖြစ်ဖြစ်၊ တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ် လာဖုံးနေတာမျိုး။ အချင်း ရှေ့ရောက်လို့ ခေါ်တယ်။Ultrasound (အာလ် ထွာဆောင်း) အဖြေမှာ Placenta low lying လို့ပါမယ်။ Covering internal Os လို့လည်း တွေ့ နိုင်တယ်။ အဲလိုဖြစ်နေရင် မွေးခါနီးလို့ သားအိမ်အဝ ကျယ်လာတာနဲ့ အချင်းကွာလာပြီး ကလေးမမွေးခင် သွေးတွေဆင်းလာမယ်။ APH ခေါ်တာပေါ့။ မမွေးမီ သွေးဆင်းခြင်း အကြောင်းတရားတွေထဲက အရေး အကြီးဆုံးဖြစ်တယ်။ ရက်ရွေးပြီး အေးအေးဆေးဆေး ခွဲမွေးပါလေ။

တစ်ခါ ဗိုက်ခွဲမွေးရတိုင်း နောက်လည်း ခွဲရမယ်လို့ နေရာတိုင်းမှာ ယူဆလို့မရပါ။ အရင်တစ်ခါ ခွဲတုန်းက ဘာကြောင့် ခွဲရလည်းအပေါ်မှာ မူတည်တယ်။ အချင်း ရှေ့ရောက်လို့ ခွဲထားရသူဟာ နောက်ကိုယ်ဝန်က ပုံမှန်ဖြစ်ရင် ရိုးရိုးမွေးလို့ရတယ်။ ကလေးအနေအထား ဆိုတာလည်း တစ်ခါပုံမှန်မဟုတ်တိုင်း အမြဲမှားမနေ တတ်ပါ . . .

ဗိုက်ခွဲမွေးရစေတဲ့ မိခင်နဲ့ဆိုင်တဲ့ အကြောင်း ရင်း တွေကတော့ –

၁. အချင်းရှေ့ရောက်ဖြစ်နေလို့(Placenta praevia)၊

၂. အရိုးကွင်းကျဉ်းလို့(CPD)၊

၃. မွေးလမ်းကနေ ကြိုးစားမွေးတာ မရတော့လို့၊

၄. အရင် နှစ်ခါ ဗိုက်ခွဲမွေးထားလို့၊

၅. ဆီးချိုမိခင်တချို့၊

၆. တင်ပါးဆုံတွင်းအင်္ဂါတွေ ရောဂါရှိနေလို့။

ဗိုက်ခွဲမွေးရစေတဲ့ကလေးနဲ့ဆိုင်တဲ့ အကြောင်း ရင်းတွေကတော့ –

၁. မွေးနေတုန်း ကလေးကျန်းမာရေး အခြေအနေ မမှန်လို့ (Fetal distress)

၂. ကလေးအနေအထား ပုံမမှန်လို့၊ တင်ပါးဆုံပြုခြင်း(Breech)၊ ပခုံး (Shoulder) ပြုခြင်း၊ ကန့် လန့်ဖြစ်ခြင်း(Transverse)

၃. အရင်က မွေးရာဇဝင်မကောင်းလို့၊ ဥပမာ IUD အထဲမှာကလေးသေတာ၊ ခဏခဏ ကလေး ပျက်တာ၊

၄. အမြွှာကိုယ်ဝန်တချို့ (Twins)၊

၅. သွေးစစ်တော့ Rh incompatibility မတူတဲ့ တချို့၊

၆. မိခင်မှာ HIV positive ဖြစ်နေတာ၊

၇. ချက်ကြိုးကျွံကျနေလို့ (Umbilical cord prolapse)၊

ဗိုက်ခွဲရက် နှစ်မျိုးရှိတယ်။ Elective ရက်ရွေး ခွဲခြင်းနဲ့ Emergency အရေးပေါ်ခွဲခြင်း။

ဗိုက်ခွဲနည်း ၂ မျိုး
၁။ အစဉ်အလာခွဲနည်း Classical caesarean section (CS) ၊ သားအိမ် အပေါ်ပိုင်းမှာ ဒေါင်လိုက်ခွဲတယ်။ နောက်ဆက်တွဲ ဖြစ်လာစရာတွေကြောင့် မသုံးပါ။ ဒါပေမဲ့ သားအိမ် အောက်ပိုင်းမှာ Fibroids အသားပို အလုံး ရှိနေရင်၊ သားအိမ်ပါထုတ်လိုက်ဖို့ လိုရင်၊ သားအိမ်အဝ-ကင်ဆာရှိနေရင် အချိန်သိပ်အ လျင်လိုရင်တော့ ဒီနည်းသုံးပါမယ်။
၂။ သားအိမ်အောက်ပိုင်းက ကန့်လန့်ခွဲနည်း Lower segment caesarean section (LSCS)၊ အများဆုံးသုံးတယ်။ မေ့ဆေး၊ ခါးထုံဆေးနဲ့ ရိုးရိုးထုံဆေး တစ်ခုခုနဲ့ ခွဲနိုင်တယ်။

ဗိုက်ခွဲခြင်းရဲ့ အားကောင်းချက်တွေ = သွေးထွက် နည်းမယ်၊ ဗိုက်ထဲမှာတွယ်ကပ်မှု နည်းတယ်၊ သား အိမ်<ကက်သားကို သူ့အကြောအတိုင်းသာ ခွဲလို့ အထိနာသက်သာတယ်၊ ပိုးဝင်ဖို့ အခွင့်နည်းတယ်၊ ခွဲပြီး ဗိုက်ကယ်တာအဖြစ်နည်းတယ်၊ အဖိတ်အစင် နည်းတယ်၊ နောက်ကိုယ်ဝန်မှာ အချင်းက အထဲချုပ် ရိုးနေရာလာမကပ်နိုင်ဘူး၊ သားအိမ်ကို လက်နဲ့ ကိုင် တွယ်ရတာနည်းတယ်၊ ချုပ်ရိုး ပိုပြီး ခိုင်မာတယ်။ ကိုယ်ဝန်ဆောင်မိခင်မှာ HIV ပိုးရှိနေရင် ကလးကို ကူးစက်နိုင်တဲ့ အခွင့်အလမ်း ၇ ပုံ ၁ ပုံရှိလို့ ဗိုက်ခွဲ မွေးပေးရင် ကူးနိုင်တဲ့အခွင့်အလမ်း နည်းစေတယ်။ ရက်၊ အချိန်၊ ရွေးမွေးနိုင်တယ်။ တတိယကလေး ခွဲ ရရင် တစ်ခါတည်း သားကြောဖြတ်ပေးနိုင်တယ်။ မွေးလမ်းကြောင်းဟာ ကလေးဖွားတဲ့ဒဏ်မရှိ ဖြစ်နေပါမယ်။

ဗိုက်ခွဲခြင်းရဲ့ အားနည်းချက်တွေ = အနာလေးတစ်ခု ခွဲရတာဖြစ်ဖြစ် ခွဲမွေးတာဖြစ်ဖြစ် အနည်းနဲ့အများ သတိထားရတာတွေချည်းပါပဲ။ ခွဲစိတ်ခြင်းအန္တရာယ် တွေက ခွဲစိတ်မှုက ကြီးကြီးသလို၊ လုပ်တာကိုင်တာ ပေါ့ဆရင် ပေါ့ဆသလိုရှိနိုင်တယ်။ မေ့ဆေး-ထုံ ဆေးမှန်သမျှလည်း သတိထားစရာတွေ ရှိပါမယ်။ ဆီးအိမ်နဲ့ ဆီးဆင်းပြွန်ကို ထိခိုက်နိုင်တယ်၊ အထဲခွဲကြောင်းချဲ့ရရင် သွေးထွက်များမယ်၊ အချိန်လုရတယ်၊ ပိုခက်တယ်၊ ကလေးက သိပ်ကြီးနေရင် ခက်မယ်။ ဗိုက်ခွဲမွေးတာမှာ သတိထားစရာတွေ ရှိတယ်။
မိခင် = တခြား ဘယ်လိုခွဲစိတ်နည်းမှာမဆို ဖြစ် တတ်တဲ့ သတိထားစရာတွေသာများပါတယ်။ ဥပမာ ပိုးဝင်ခြင်း၊ ရှော့ခ်ရခြင်း၊ အဆုပ်သွေးကြောပိတ်ခြင်း၊ စတာတွေဖြစ်တယ်။ ဒီနေရာမှာတော့ နည်းနည်း ထူး နိုင်တာက မွေးပြီး ဆီးမသွားနိုင်ခြင်း။
ကလေး = အသက်ရှူခက်ခြင်း၊ ကလေးကို ခွဲဓား ထိခြင်း၊ မေ့ဆေးကြောင့် ထိခိုက်ခြင်း။

နောက်ပိုင်း ဆက်ဖြစ်နိုင်တာတွေ = အရင်ခွဲကြောင်း က နောက်ကိုယ်ဝန်မှာ ပေါက်ကွဲတာ၊ နောက်ကိုယ် ဝန်မှာအရင်အမာရွတ်နေရာကို အချင်းလာတွယ်တာ၊ ဗိုက်ခွဲကြောင်းက စူထွက်တာ (Incisional hernia)
ကိုယ့်ဘာသာ ဂရုစိုက်နိုင်တာတွေလည်း ရှိပါတယ်။ နားပါ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားပါ၊
အရည်များများ သောက်ပါ၊ ဝမ်းမချုပ်စေနဲ့၊ လျှောက် နိုင်တာနဲ့ လမ်းလျှောက်ပါ၊ အနာသက်သာဆေး နာ ရင်သောက်ပါ၊ အဝတ်အစား ချောင်ချိပါစေ၊ သန့်ပါစေ။ ခြောက်သွေ့ပါစေ၊ (ကော်တွန်)သာ ဝတ်ပါ။ အနာနေရာက ထူးပြီး နာတာ၊ ရောင်တာ၊ နီရဲတာ၊ မန်းရည်ထွက်တာ ချက်ချင်း သတိပြုနေပါ။ လေး ပင်တာ မယမနဲ့၊ ကြမ်းတမ်းတဲ့အလုပ် မလုပ်ပါနဲ့၊ လိင်ဆက်ဆံတာ ရှောင်ကြဉ်ပါ။

တစ်ခုမှတ်ဖို့က တစ်ခါဗိုက်ခွဲမွေးရတိုင်းနောက် လည်း ခွဲရမယ်လို့ နေရာတိုင်းမှာ ယူဆလို့မရပါ။ အရင်တစ်ခါခွဲတုန်းက ဘာကြောင့်ခွဲရလည်း အပေါ် မှာမူတည်တယ်။ အချင်းရှေ့ရောက်လို့ ခွဲထားရသူ ဟာ နောက်ကိုယ်ဝန်က ပုံမှန်ဖြစ်ပြီး ရိုးရိုးမွေးလို့ ရ တယ်။ ကလေးအနေအထားဆိုတာလည်း တစ်ခါပုံ မှန်မဟုတ်တိုင်း အမြဲမှားမနေတတ်ပါ။

ဆယ်လီဘရက်တီတွေကို သိကြမှာပါ။ ဘေးယွန့်စ်၊ ဂျက်ဆီကာ အယ်ဘာ၊ ပင်မတာ အင်ဒါဆင်၊ ဆင်ဒီကလောဖို့ဒ်၊ ဘရစ်တနေစပီးယား၊ အင်ဂျလီ နာဂျီလီ၊ ကလော်ဒီယာရှစ်ဖာ၊ ကိတ်ဝင်းစလက်။ သူ တို့အားလုံးကလေးကို ရိုးရိုးလမ်းကနေသာ မွေးခဲ့ကြ တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top