Healthy Life Ad
Q & A

ကလေးမွေးပြီး ဝမ်းချုပ်ခြင်းအတွက် ဆောင်ရန်၊ ရှောင်ရန်များ

မေး။ ။ ကျွန်မ ကလေးမွေးပြီးတော့ ဝမ်းချုပ်တာ၊ အခုဆိုရင်လေးလလောက်ရှိသွားပါပြီ။ ဝမ်းသွားတိုင်း စအိုနာတယ်၊ လိပ်ခေါင်းလည်း နည်းနည်းရှိနေတယ်။ ရေနွေးငွေ့ထိုင်တော့ သက်သာတယ်။ ခဏပဲ သက် သာတယ်။ ဖြစ်လိုက်၊ ကောင်းလိုက်နဲ့ ဖြစ်နေတာ. . အခုချိန်ထိပါ။ ဘယ်လို ဆက်လုပ်ရမလဲ၊ ဘယ်လိုအ စားအသောက်တွေ မစားရလဲ၊ ဘယ်အစားအစာကို ပိုစားရလဲ၊ ဘာလုပ်သင့်သလဲဆိုတာ ကူညီပါဦး။

Zue Zue (FB)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ ဝမ်းချုပ်တဲ့သူတွေ အဓိက စားပေးရမှာက အရွက်တွေပါ။ ဥပမာ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်တွေ ကိုဖြစ်နိုင်ရည် ဟင်းချိုရည် ချက်သောက်ပေးသင့်ပါတယ်။ အချဉ်ဟင်းရည်တွေ သောက်ပေးပါ။ ဟင်း ရွက်တွေကို များများစားရင်တော့ ဝမ်းမှန်မှန်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ဝမ်းချုပ်တဲ့ သူတွေက ကိုယ် လက်လှုပ်ရှားမှုအနေနဲ့ လမ်းလျှောက်ပေးဖို့လိုပါတယ်။ မနက်စာ၊ နေ့လယ်စာနဲ့ ညစာ စားပြီးချိန်မှာ ၁၀ မိနစ်စီလမ်းလျှောက်ပေးရပါမယ်။ ကောက်ညင်း၊ ဆီထမင်းတို့လို အစာတွေကို တတ်နိုင်သမျှ လျှော့ စားရပါမယ်။ ရေကို များများသောက်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များHyတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top