Healthy Life Ad
International

ငါးသလဲထိုးနှစ်ကောင်ကို စအိုထဲ ထည့်မိသည့် အရက်သမား အရေးပေါ်ခွဲစိတ်ခဲ့ရ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံတောင်ပိုင်းမှ အရက်အမူးလွန်နေသူတစ်ယောက်ဟာ ငါးသလဲထိုးနှစ်ကောင်ကို စအိုထဲထည့်မိခဲ့ပါတယ်။ ငါးနှစ်ကောင်က သူရဲ့အူတွေထဲလူးလွန့်နေခဲ့ကာ တစ်ကောင်က အူနံရံကို ဖောက်ထွက်သွားတာကြောင့် ဝမ်းဗိုက်ဟာ မခံ မရပ်နိုင်အောင် နာကျင်ခဲ့ပါတယ်။

အသက် ၄၅နှစ်အရွယ် အဆိုပါအမျိုးသားဟာ နောက်တစ်ရက်မှာ အပြင်းဖျားတာ၊ သွေးဖိအားကျတာနဲ့ ဝမ်းဗိုက် အပြင်းအထန်နာကျင်တာစတဲ့ လက္ခဏာတွေနဲ့ ဆေးရုံတက်ခဲ့ရပါတယ်။ ငါးသလဲထိုးတွေရှာဖွေဖို့ ဝမ်းဗိုက်ဓာတ်မှန်ရိုက် ယူခဲ့ရကာ အူပေါက်တာနဲ့ ပိုးဝင်တာကြောင့် သွေးဆိပ်တက်မယ့် အန္တရာယ်ရှိနေတာကို တွေ့ရှိခဲ့ပါတယ်။ ဆရာဝန်တွေက ၆ လက်မရှည်တဲ့ ငါးသလဲထိုးတစ်ကောင်ကို အောင်မြင်စွာ ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။

အူဖောက်ထွက်သွားတဲ့ အလျား ၄လက်မ၊ အနံ ဝ ဒသမ ၈ လက်မရှိ နောက်ထပ်တစ်ကောင်ကို ဝမ်းဗိုက်အထက်နားမှာ တွေ့ရှိဖယ်ရှားနိုင်ခဲ့ပါတယ်။ အဆိုပါငါးဟာ အထက်တက်သွားပြီး အပေါ်ပိုင်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ ရောက်ရှိသွားရင် အသက်အန္တရာယ်ရှိနိုင်တယ်လို့ သိရပါတယ်။

ငါးတွေကြောင့် လူနာဝမ်းဗိုက်တစ်လျှောက်ပိုးဝင်နေပြီး အရေးပေါ်ကုသဆောင်မှာ ဆက်လက်ဆေးကုသမှုခံယူနေရပါတယ်။ အခြေအနေ စိုးရိမ်စရာမရှိတော့ဘူးလို့လည်း သိရပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top