Healthy Life Ad
International

ဦးခေါင်းနှစ်ခြမ်းကွဲနေသည့် ၆နှစ်အရွယ် ကမ္ဘောဒီးယားကလေးငယ်

၊ မိုးမင်းထွန်း ၊

ကမ္ဘောဒီယားနိုင်ငံမှ အသက် ၄၀အရွယ် မိခင်ဆရေဟာ ကိုယ်ဝန် ၃လအရွယ်က ဆေးစစ်ကြည့်ရာမှာ ကလေးကျန်း မာရေးကောင်းနေတာကိုတွေ့ခဲ့ရပေမယ့် ၇ လသားအရွယ်အရောက်မှာ ကလေးရဲ့ ဦးခေါင်းပြဿနာရှိနေကြောင်း ဆရာဝန်တွေကတွေ့ရှိခဲ့ပါတယ်။

မွေးဖွားလာချိန်မှာ ကလေးရဲ့ဦးခေါင်းမှာ အက်ကွဲရာအသေးတစ်ခုပါလာခဲ့ပါတယ်။ အက်ကွဲရာဟာ ကလေးကြီးလာတာနဲ့အမျှ ပိုကြီးလာခဲ့ပါတယ်။ အခု အသက် ၆နှစ်အရွယ်အရောက်မှာ လေးလက်မအနက်ရှိကာ လက်တောင်ထည့်လို့ရနေပါတယ်။ ဆရာဝန်တွေက ဘာကြောင့်ဖြစ်ရတယ်ဆိုတာ မသိရှိကြသလို ကုသဖို့နည်းလမ်းမရှိဘူးလို့ ပြောဆိုခဲ့ကြပါတယ်။ ဒေသတွင်း ပရဟိတအဖွဲ့တွေနဲ့ အစိုးရဆေးရုံက ဆေးဝါးပေးကြပေမယ့် ကလေးတက်တာမဖြစ်အောင်သာ ဟန့်တားနိုင်ပြီး ပိုကြီးလာနေတဲ့ အက်ကွဲရာပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ကြပါဘူး။

ဇွဲမလျော့တဲ့ အဘွားဖြစ်သူက တွန်းလှည်းပေါ်ကလေးတင်ကာ နေ့တိုင်း အန်ကောဝပ်ဘုရား ကျောင်းနားသွားကာ ဆေးကုစရိတ်အကူအညီ တောင်းခံနေတယ်လို့သိရပါတယ်။ ကလေးရဲ့ရောဂါကို ကုသနိုင်မယ့် တစ်ယောက်ယောက်ရောက်လာပါစေလို့ နေ့တိုင်းဆုတောင်းနေကြောင်းလည်း ပြောပြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top