Healthy Life Ad
International

ခြေချင်းပူးနေသည့် ရေသူမလေးမွေးဖွား

၊ မိုးမင်းထွန်း ၊

ထိုင်းနိုင်ငံမှ အသက် ၁၀ လအရွယ် ကလေးငယ်လေးဟာ မွေးကတည်းက ခြေချင်းပူးနေကာ၊ မျက်လုံးတစ်ဖက်မမြင်တာ၊ မွေးရာပါအာခေါင်ကွဲတာတို့ဖြစ်နေပါတယ်။ Sirenomelia ရောဂါရဲ့ရှားပါး တဲ့ပုံစံကြောင့် ဆရာဝန်တွေက ကလေးဟာ ယောကျာ်းလေးလား မိန်းကလေးလားဆိုတာ ခွဲခြားဖို့ခက်နေပါတယ်။ Sirenomelia ရောဂါက ခြေချင်းပူးမွေးဖွားလာတတ်ပြီး အရပ်အခေါ် ရေသူမရောဂါလို့အမည် တွင်ပါတယ်။

ချက်ကြိုးက သွေးလွှတ်ကြောနှစ်ခု မဖွဲ့စည်းနိုင်တဲ့အခါ ကလေးဆီ သွေးထောက်ပံ့မှုအလုံအလောက်မရရှိပါဘူး။ ဒါကြောင့် ကလေးငယ်မှာ အာဟာရပြတ်လပ်တာကြောင့် ခြေထောက်တစ်ချောင်း စီမဖွံ့ဖြိုးနိုင်တော့ပါဘူး။ ရှားပါးတဲ့ရောဂါမျိုးဖြစ်ပြီး ကလေးတစ်သိန်း မွေးတိုင်း တစ်ကြိမ်သာ ဖြစ်ပွားနိုင်တယ် လို့သိရပါတယ်။ ရုပ်ချင်းတူ အမြွှာတွေမှာတော့ ဖြစ်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

ဆရာဝန်တွေက ကလေးငယ်ရဲ့ မွေးရာပါအာခေါင်ကွဲတာကို ကုသပေးဖို့စီစဉ်နေပြီး ခြေထောက်တွေကိုတော့ နည်းနည်းအရွယ်ရောက်မှသာ ခွဲစိတ်မယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံမှ ဆင်းရဲသူတွေကို ကူညီပေးနေတဲ့ ဘုန်းတော်ကြီး ဘဟင်က ကလေးအတွက် ဆေးဝါးကုသစရိတ်ရရှိအောင် ကူညီပေးနေပြီး အလှူရှင်တော် တော်များများက အကူအညီပေးနေကြောင်း သိရပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top