Healthy Life Ad
International

တစ်နေ့ အကြိမ်၁၀ဝ အန်တဲ့ အမျိုးသမီး

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက် ၂၈နှစ်အရွယ် လူစီမေဗန်ဟာ ကလေးကတည်းက ထူးဆန်းတဲ့ရောဂါတစ်မျိုးကို ခံစားခဲ့ရပါတယ်။ အသက် ၂၃နှစ်အရွယ်မှသာ Cyclical Vomiting Syndrome (CVS) ရောဂါဖြစ်နေကြောင်း သိရှိခဲ့ပါတယ်။ CVS ရောဂါဟာ ရှားပါးတဲ့ အော့အန်ရောဂါတစ်မျိုးဖြစ်ပြီး ကလေးငယ်တွေမှာ အဖြစ်များကာ လူကြီးတွေမှာလည်းဖြစ်တတ်ပါတယ်။ CVS ဝေဒနာရှင်တွေမှာ ရောဂါထချိန်တစ်ချိန်မှာ နာရီပေါင်းများစွာ သို့မဟုတ် ရက်ပေါင်းများစွာ အော့အန်နေတတ်ပါတယ်။ တစ်ခြားအချိန်တွေမှာ သာမန်လူကောင်းလိုနေထိုင်နိုင်လေ့ရှိပါတယ်။ အော့အန်တာ ဘယ်လိုကြောင့်ဖြစ်ရတယ်ဆိုတာ အကြောင်းရင်းမသိရှိရသေးပါဘူး။

လူစီအတွက် ရောဂါထချိန်တွေမှာ ဆေးရုံသို့ပြေးရလေ့ရှိပြီး တစ်ခါက အချိန်အကြာဆုံးအဖြစ် ကိုးရက်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ ဝေဒနာသက်သာအောင် ပြုလုပ်တဲ့ဆေးတွေသာ သောက်သုံးရလေ့ရှိပြီး ရောဂါပျောက်ကင်းနိုင်မယ့်ဆေး မပေါ်သေးကြောင်း သိရပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ရောဂါပိုဆိုးလာပြီး တစ်ရက်ဆေးခြောက်လုံးလောက် သောက်နေရပါတယ်။ ရောဂါဘယ်အချိန်မှာ ထမလဲဆိုတာ ခန့်မှန်းလို့မရပေမယ့် စိတ်ဖိစီးမှုများတာ၊ စိတ်လှုပ်ရှားစရာကိစ္စကြုံတွေ့တဲ့အခါတွေမှာ အော့အန်တာဖြစ်ပေါ်လေ့ရှိကြောင်း ပြောပြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top