Healthy Life Ad
Life Style

ပူပင်သောကတွေ များလွန်းနေသလား

၊ လရိပ်မေ ၊

တစ်ခါတစ်ရံ စိတ်ပူပင်မှုဖြစ်တာက ပုံမှန်အခြေအနေပါပဲ။ ဒါပေမဲ့ တစ်နေ့တာ နေထိုင်မှုပုံစံကို အဟန့်အတားဖြစ်စေတဲ့အထိ ပူပင်သောကများနေတယ်ဆိုရင်တော့ သတိထားဖို့ လိုအပ်နေပါပြီ။ အောက်ပါအချက်တွေနဲ့ ပူပင်သောကလွန်ကဲမှုကို ဖြေလျှော့ပေးပါ။

(၁) သင့်ကို စိတ်အနှောင့်အယှက်ပေးနေတဲ့ ပူပင်သောကဖြစ်စေတဲ့အချက်တွေကို ချရေးပါ။ ဒီလိုချရေးလိုက်တာကြောင့် စိတ်အတန်အသင့် ပေါ့ပါးသွားပါလိမ့်မယ်။

(၂) ကိုယ့်အတွက် ပင်ပန်းလွန်းတဲ့အလုပ်တွေကို ငြင်းဆန်ပါ။ ဒါမှမဟုတ် အကူအညီခေါ်ပါ။

(၃) ပူပင်သောက လျော့ပါးစေဖို့ ရယ်မောတာထက်ပိုပြီး ကောင်းမွန်တဲ့အရာ မရှိပါဘူး။ လေ့လာမှုမျိုးစုံအရ ရယ်မောတဲ့အခါ စိတ်ဖိစီးမှုဟော်မုန်းလျော့ ကျပြီး ကိုယ်ခံစွမ်းအားကောင်းမွန်ကာ ကိုလက်စထရောနဲ့ သွေးတိုးလျော့ကျ သွားပါတယ်။ နော်ဝေးတက္ကသိုလ်လေ့လာမှုအရ လူဦးရေ ငါးသောင်းကျော် ကိုလေ့လာခဲ့ရာ ပျော်ရွှင်မှုအဆင့် အမြင့်ဆုံးလူတွေက တခြားလူတွေထက် လူ့သက်တမ်း ပိုရှည်တယ်လို့ သိရပါတယ်။

(၄) ပူပင်သောကဖြစ်နေချိန်တွေမှာ အနားမပေးပါနဲ့။ ဆိုလိုတာက စကားလုံးဆက်တဲ့ ပဟေဠိအဖြေညှိတာ၊ ကိန်းဂဏန်းတွေကို နောက်ပြန်ရေတွက်တာ စတာတွေလုပ်ပေးရင် ဦးနှောက်အလုပ်ရှုပ်သွားနိုင်ပါတယ်။

(၅) တွေးခေါ်ပါ။ ဆန့်ကျင်ဘက် စကားလုံးတွေကို အင်္ဂလိပ်လို တွေးပါ။ (ဥပမာ-“မြင့်သော High” ရဲ့ ဆန့်ကျင်ဘက်စကားလုံးဖြစ်တဲ့ “နိမ့်သော Low” ဖြစ် တယ်ဆိုတာမျိုးတွေးပါ)

(၆) ပူပင်သောကများတာကြောင့် နှလုံးခုန်မြန်တာ၊ အသက်ရှူမြန်တာနဲ့ကြွက်သား တောင့်တင်းတာစတဲ့ လက္ခဏာတွေ ပြေလျော့သွားစေဖို့ ငါးမိနစ်ခန့်အသက် ပြင်းပြင်း ရှူသွင်း/ရှူထုတ်တဲ့ လေ့ကျင့်ခန်းကို ပြုလုပ်ပါ။

(၇) ပူပင်သောကများနေရင် အိပ်လိုက်ပါ။ အိပ်စက်တာက ခန္ဓာကိုယ်ကို အနားရစေသလိုပဲ စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ အချိန်အတွင်း ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှုဆိုင်ရာ ဓာတ်တွေ လျော့ကျသွားစေပြီး စိတ်ခံစားမှု ကောင်းမွန်လာပါတယ်။

(allaboutyou)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top