Healthy Life Ad
Life Style

အသက် ၄၀ကျော်ပြီးနောက် ဝေးဝေးနေသင့်သည့် အလှကုန်များ

လရိပ်မေ

အသက်ကြီးလာတာနဲ့အမျှ အသားအရေက ပြောင်းလဲလာပါတယ်။ အသက် ၄၀အရွယ်ရောက်လာတဲ့အခါ ငယ်ငယ်တုန်းကသုံးခဲ့တဲ့ အလှကုန်တွေကို မသုံးသင့်တော့ပါဘူး။ ရှောင်သင့်တဲ့ အလှကုန်တွေရှိပါတယ်။

– အယ်လ်ကိုဟောပါသည့် တိုနာ
တိုနာအများစုက အဆီပြန်တဲ့အသားအရေ ဒါမှမဟုတ် ဝက်ခြံပေါက်လွယ်တဲ့ အသားအရေဖြစ်ဖို့ ဦးတည်နေတာကြောင့် အယ်လ်ကိုဟောအခြေခံပြီး ပြုလုပ်ထားတတ်ပါတယ်။ အသက် ၄၀အရွယ်အထိ ဒီတိုနာကိုသုံးနေဆဲဆိုရင် အသားအရေခြောက်သွေ့တဲ့ဖြစ်စဉ်ကို ပိုမြန်စေနိုင်ပါတယ်။ Hyaluronic Acid ပါတဲ့ Serum ဒါမှမဟုတ် Gel ကို ပြောင်းသုံးရင် အသားအရေကိုပိုစိုပြည်စေပါလိမ့်မယ်။

– အိုင်းလိုင်နာအရည်
အိုင်းလိုင်နာအရည်တွေက အသက်ကြီးလာတာနဲ့အမျှ မျက်ဝန်းကို ပိုပြီးကြမ်းတမ်းထိခိုက်စေပါတယ်။ မျက်ဝန်းကိုပိုအိုပြီး ပိုကျဉ်းသယောင်ဖြစ်စေတဲ့အတွက် အိုင်းလိုင်နာအရည်အစား ဂျဲလ်အခြေခံ အိုင်းလိုင်နာကိုသုံးပါ။ ဒါက မျက်ဝန်းကိုပိုနူးညံ့စေပြီး မျက်နှာကိုနုပျိုကြည့်ကောင်းစေပါတယ်။

– ကွန်ဆဲလ်လာအခဲ
အသက်ကြီးလာတာနဲ့အမျှ မျက်ဝန်းတစ်ဝိုက်နဲ့ နှုတ်ခမ်းတစ်ဝိုက် အသားအရေပါးလျလာပါတယ်။ တကယ်လို့အရေးကြောင်းတွေဖုံးဖို့ ကွန်ဆဲလာထူထူလိမ်းရင် အရေးကြောင်းတွေကို ပိုသိသာစေနိုင်ပါတယ်။ ကွန်ဆဲလ်လာအရည်နည်းနည်းကို ဝါဂွမ်းစနဲ့သုံးတာပိုကောင်းပါတယ်။

– အပြောင်အလက်ပါသည့် ပါးနီ
အပြောင်အလက်တွေပါတဲ့ ပါးနီက သင့်အသက် ၂၀-၃၀အရွယ်မှာ သင့်တော်ပေမယ့် အသက် ၄၀အရွယ်မှာ အရေးကြောင်းတွေကို ပိုထင်စေနိုင်ပါတယ်။ ပါးမို့မို့ထက်မှာ အပြောင်အလက်မပါတဲ့ ပါးနီကိုသာခြယ်သရင် အသားအရေနုပျိုပြီး ချောမွေ့နေပါလိမ့်မယ်။

– မျက်နှာလိမ်းပေါင်ဒါ
မိတ်ကပ်လိမ်းပြီးတဲ့အခါ မျက်နှာလိမ်းပေါင်ဒါသုံးမယ်ဆိုရင် နှစ်ကြိမ်ပြန်စဉ်းစားသင့်တဲ့အရွယ်ပါ။ ဒီအရွယ်မှာ ဖောင်ဒေးရှင်းအရည်လိမ်းပြီး မျက်နှာပေါ်က အရေးကြောင်းတွေနဲ့ အရေးကြောင်းပါးပါးတွေကို ဖုံးအုပ်ရမယ့်အချိန်ဖြစ်ပါတယ်။

– ရေစိုခံ မက်စ်ကာရာ
အသက် ၄၀အရွယ်မှာ မျက်တောင်တွေက ပါးလျလာပြီဖြစ်တာကြောင့် ရေစိုခံမက်စ်ကာရာကို မသုံးသင့်တော့ပါဘူး။ ဖျက်ရခက်လို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top