Healthy Life Ad
International

ကလေးမွေးသည့် အသက် ၄၇ နှစ်အရွယ် အမျိုးသမီး

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ နီရယ်လ်နဲ့တက်စ်မော်တန်တို့စုံတွဲဟာ ၂၀ဝ၃ ခုနှစ်က လက်ထပ် ခဲ့ကြပြီး အိမ်ထောင်သက် ၁၄ နှစ်အတွင်း ကိုယ်ဝန်ရရှိဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သလို ဖန်ပြွန်သန္ဓေနည်းနဲ့ ၃ ကြိမ်တိုင်တိုင်ကလေးရရှိဖို့ ကြိုးစားခဲ့ရာမှာလည်း မအောင် မြင်ခဲ့ပါဘူး။ ဇနီးဖြစ်သူမော်တန်ဟာ ၂၀၁၀ ခုနှစ်က သွေးဆုံးလက္ခဏာတွေ စတင်ခံစားခဲ့ရပါတယ်။ ကလေးရရှိဖို့ စတာလင်ပေါင် ၂၀ဝ၀ဝကျော်အကုန်ကျခံကြိုးစားခဲ့ ပေမယ့်မရရှိတာကြောင့် နောက်ဆုံးမှာ ကလေးမွေးစားဖို့ စီစဉ်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့နှစ်က မော်တန်ဟာ ဗိုက်အောင့်တာကြောင့် ဆရာဝန်နဲ့သွားရောက်ပြသခဲ့ရာမှာ သားဥအိမ်ကင်ဆာဖြစ်မယ်လို့ ဆရာဝန်က သံသယဝင်ခဲ့ပေမယ့် စမ်းသပ်စစ်ဆေး မှုခံယူအပြီးမှာတော့ မော်တန်မှာ ကိုယ်ဝန်ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သွေးဆုံးလက္ခဏာတွေ သက်သာအောင် သောက်တဲ့ဆေးတွေကြောင့် အခုလိုအရွယ် မှာကိုယ်ဝန်ရရှိလာတယ်လို့ ဆရာဝန်တွေက ယူဆနေကြပါတယ်။

ဒီနှစ် ဇန်နဝါရီလက မော်တန်ဟာ ကိုယ်အလေးချိန် ၇ ပေါင် ၁၄ အောင်စရှိတဲ့ သမီးငယ်လေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း သိရပါတယ်။ မျိုးဆက်ပွားမှု ဆိုင်ရာကုသတဲ့နည်းပညာတွေ တိုးတက်လာတာကြောင့် အသက် ၅၀ တန်းအမျိုး သမီးတွေ ကိုယ်ဝန်ဆောင်တာကို အတွေ့ရများလာပေမယ့် ရှားရှားပါးပါးအနေနဲ့ အသက် ၅၀ကျော်အရွယ် အမျိုးသမီးတွေ သဘာဝအတိုင်း ကိုယ်ဝန်ရနိုင်တာလည်း ဖြစ်နိုင်ခြေရှိကြောင်း သိရပါတယ်။

(Ref; ID)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top