Healthy Life Ad
International

ဦးခေါင်းကြီးကလေးငယ် ဆေးကုစရိတ်မတတ်နိုင်ရှာ

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှ အသက်၄လအရွယ် ဂျယာဒါဝီဟာ မွေးကတည်းက Hydrocephalus ရောဂါနဲ့ မွေးဖွားခဲ့ပါတယ်။ Hydrocephalus ဆိုတာ ဦးခေါင်းခွံထဲမှာ အရည်စုဖွဲ့တဲ့ရောဂါတစ်မျိုးဖြစ်ပြီး မကုသဘဲထားပါက ဝေဒနာ ရှင်မှာ မသန်စွမ်းဖြစ်သွားနိုင်စေရုံသာမက အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ပွားနိုင်ပါတယ်။

ဒါဝီရဲ့ဦးခေါင်းဟာ ပျမ်းမျှထက်ပိုမိုကြီးမားကာ အချင်း ၇၁ စင်တီမီတာအရွယ်အစားအထိ ကြီးထွားလာ နေပါတယ်။ ကျေးလက်တောရွာမှာနေထိုင်တဲ့ မိဘတွေက ဆင်းရဲတာကြောင့် ခွဲစိတ်စရိတ် မတတ်နိုင်ဖြစ်နေကာ ဒေသတွင်းဆေးရုံမှာလည်း လုံလောက်တဲ့ပစ္စည်းကိရိယာ နဲ့ ပညာရှင်မရှိတာကြောင့် အခက်ကြုံနေရပါတယ်။ မြို့ကြီးတွေဆီသွားရောက်ကုသဖို့ စေတနာကောင်းတဲ့ အလှူရှင်တွေကို မျှော်လင့်နေပြီး ကလေးအသက်ရှင်အောင် ဝိုင်းဝန်းကူညီကြဖို့ မိဘတွေက အကူအညီတောင်းခံထားပါတယ်။

Hydrocephalusရောဂါဟာ ဦးနှောက်၊ ကျောရိုး အရည် ဦးခေါင်းထဲမှာစုဖွဲ့မှုကြောင့်ဖြစ်ပွားပြီး ဦးနှောက်ဖိ အားတိုးလာစေပါတယ်။ ပုံမှန်လူတွေမှာ ဦးနှောက်က အရည်အသစ်တွေကို တစ်ရက်တစ်ပိုင့်နှုန်းခန့် ထုတ်လုပ် လေ့ရှိပြီး အရည်ဟောင်းတွေက သွေးကြောထဲပျော်ဝင် ပျောက်ကွယ်သွားကြပါတယ်။
ဒီဖြစ်စဉ်ပျက်ယွင်းတဲ့အခါ ရောဂါဖြစ်ပွားကြပြီး အရည်ပမာဏမြင့်မားလာကြကာ ဦးနှောက်ဖိအား တိုးမှုဖြစ်ပွား ပါတယ်။ ထင်ရှားတဲ့ လက္ခဏာတွေက ခေါင်းကိုက်တာ၊ အမြင်ဝေ၀ါးတာနဲ့ နောက်ဆုံးဦးနှောက်ပျက်စီးမှုအထိ ဖြစ်ပွားတတ်ကြောင်း သိရပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top