Healthy Life Ad
International

အိမ်ထောင်သည်သားဖြစ်သူ အိမ်ဝယ်နိုင်ရန် နေ့ရောညပါဈေးရောင်းငွေရှာသည့် တရုတ်မိခင်

၊ မိုးမင်းထွန်း ၊

ရှန်ဒေါင်ခရိုင်တောရွာတစ်ရွာမှ ဝမ်ဂူရင်က သူရဲ့သားကိုကူညီဖို့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို နေ့ရောညပါရောင်းချနေပါတယ်။ အိမ်ထောင်သည်သားဖြစ်သူ အိမ်ဝယ်နိုင်ဖို့ ညအထိလမ်းဘေးမှာ ဈေးရောင်းနေတဲ့မိခင်ရဲ့သတင်းဟာ တရုတ်နိုင်ငံမှာနာမည်ကြီးသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်လကျော်ကစပြီး ဝမ်ဂူရင်က ရွာကနေရှန်ဒေါင်ခရိုင်အရှေ့ပိုင်းမြို့တော်ဂျီနန်ကိုသွားရောက်ကာ ခြံထွက်သီးနှံတွေ သွားရောက်ရောင်းချနေပါတယ်။ နေ့အချိန်မှာ လယ်သမားဈေးအတွင်း ဈေးရောင်းပြီး ရောင်းဖို့ကျန်သေးရင် လမ်းဘေးလူသွားများတဲ့နေရာတွေမှာ ညအထိဈေးရောင်းခဲ့ပါတယ်။ နောက်ကျသွားတဲ့ညတွေမှာ လယ်သမားဈေးက တရုတ်ငွေ ၂ယွမ်သာပေးရတဲ့ အခန်းငယ်တစ်ခန်းငှားကာ အိပ်စက်ပြီး မနက်စောစောမှရွာပြန်ကာ လတ်ဆတ်တဲ့ ခြံထွက်သီးနှံတွေ ပြန်လည်ယူဆောင်လေ့ရှိပါတယ်။

သူ့ရဲ့သားလက်ထပ်တုန်းက တီဗီတစ်လုံးတောင်မဝယ်နိုင်ဘဲ လစာကလည်းနည်းပါးတာကြောင့် သားအတွက်စိုးရိမ်ပူပန်တယ်လို့ ဝမ်ကပြောပါတယ်။ ဝေဟိုင်မြို့မှာနေထိုင်တဲ့ သားဖြစ်သူရှီရာက တစ်လဝင်ငွေ ယွမ်၄၀ဝ၀သာရှိပြီး အခန်းကျဉ်းတစ်ခုမှာ ငှားရမ်းနေထိုင်နေပါတယ်။ သားတစ်ယောက်ရနေပြီဖြစ်တဲ့ရှီရာက မိခင်ရဲ့သတင်းကို သတင်းတွေမှာ ဖတ်ရတဲ့အခါ အတိုင်းမသိဝမ်းနည်းမိကြောင်းပြောပါတယ်။ အိမ်ဝယ်ဖို့ အနည်းဆုံးယွမ်ငွေ ၄၀,ဝ၀,ဝ၀ခန့် ကုန်ကျမှာဖြစ်ပြီး သူရဲ့လောလောဆယ် အခြေအနေအရ တစ်ပြားတစ်ချပ်တောင် မစုဆောင်းနိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top