Healthy Life Ad
Life Style

အသည်းကွဲနေသလား . .

၊ သဒ္ဒါထက် ၊

ချစ်ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲပြတ်စဲရတဲ့အခါ အလွန်နာကျင်ရပါတယ်။ ဒါပေမဲ့ ပြန်ဆက်ဖို့မဖြစ်နိုင်တော့တဲ့ အချစ်ကြိုးကို တမ်းတမနေဘဲ ခံစားနေရတဲ့ အသည်းကွဲဝေဒနာ အမြန်ဆုံး သက်သာရာရအောင် ကြိုးစားသင့်ပါတယ်။

ဖြည်းဖြည်းချင်း စတင်ပါ
အသည်းကွဲဒဏ်ရာကျက်ဖို့အချိန်နည်းနည်းယူပါ။ အရေပြားမှာ ပြတ်ရှရာ တစ်ခုဖြစ်ရင် အနာပျောက်ပြီး ပကတိပြန်လည်ကောင်းမွန်သွားဖို့အချိန်ယူရသလိုပဲ အသည်းကွဲဒဏ်ရာကြောင့် နာကျင်မှု ဝေဒနာလျော့ပါးပြီး ပေါ့ပေါ့ပါးပါး ပြုံးရယ်နိုင်ဖို့ အချိန်ယူရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးတဲ့ စိတ်ထားရှိပြီး ဝါသနာပါတဲ့ အလုပ် (ဥပမာ-ကာရာအိုကေဆိုတာ၊ ဂီတာတီးတာ။ ပန်းချီဆွဲတာ)တို့ကို လုပ်ဆောင်လိုက်ပါ။

သင့်ကိုယ်သင် ကြင်နာပါ
သင်စားချင်တဲ့ အစားအသောက်တွေ ဝယ်စားပါ၊ လမ်းလျှောက်ပါ၊ ပန်းချီပြခန်းတွေကို သွားကြည့် ပါ . . ဒီနည်းတွေနဲ့ သင့်စိတ်ကိုအစာကျွေးပါ။
အေးချမ်းတိတ်ဆိတ်တဲ့ နေရာမှာ ထိုင်ပြီး တရားမှတ်ပါ။ “နာကျင်မှုတွေ လျော့ပါးလွင့်ပြယ်ပြီး စိတ်သစ်လူသစ် ဖြစ်သွားပြီ”ဆိုတာကို စိတ်ထဲက ရွတ်ဆိုပေးပါ။

အကူအညီတောင်းပါ
ချစ်ခြင်းမေတ္တာအပေါ် စွဲလမ်းပြီး တမ်းတနေရင် အသည်းကွဲဒဏ်ရာက တော်တော်နဲ့ အနာကျက် ဖို့မလွယ်ပါဘူး။ ပြတ်သွားတဲ့ ချစ်သူကို လွမ်းနေတဲ့ အချိန်မှာ “ဒီနာကျင်မှုတွေ ထွက်သွားအောင် ကူညီပါ။ ဒီလိုနာကျင်မှုတွေမရှိတဲ့ ဘဝမျိုးမှာနေဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ရပ်တည်နိုင်အောင်ကူညီပါ”ဆိုပြီး မိမိဘာသာ တိုင်တည်ရွတ်ဆိုလိုက်ပါ။ ပြီးရင် စိတ်ဓာတ် တက်ကြွစေမယ့် စာအုပ်စာပေတွေကို ဖတ်ပြီး ပိုကောင်းတဲ့ အနာဂတ်ဖြစ်လာအောင် ကြိုးစားပါ။ ပညာကို ကြိုး စားသင်ယူလေ့လာတာ၊ အလုပ်ကိုပိုလုပ်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး တွေ့ဆုံတာစတဲ့ အရာတွေကြောင့် သင်ခံစားနေရတဲ့ အသည်းကွဲ ဝေဒနာက အချိန်တိုအတွင်း သက်သာရာရသွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top