Healthy Life Ad
Child

မိဘအုပ်ထိန်းသူတိုင်း သိထားသင့်သည့် သားသမီးပြုစုရေး နည်းလမ်းကောင်းများ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

သားသမီးမွေးလိုက်ရုံနဲ့ မိဘကောင်း ဖြစ်လာတာ မဟုတ်ပါဘူး၊ မိဘကောင်းဖြစ်ဖို့ သားသမီးတွေကို ကောင်းကောင်းမွန်မွန် ပြုစု စောင့်ရှောက်တတ်ဖို့လည်း လိုပါတယ်။

(၁) ကလေးနဲ့ ပတ်သက်ပြီး လှောင်ပြောင်တဲ့ စကားတွေကို တခြားသူတွေအား မပြောပါနဲ့။

(၂) ကောင်းတယ်လို့ သင် လက်မခံထားတဲ့ အရာတွေကို ကလေးလုပ်တဲ့အခါ ချီးကျူး အားပေးတာမျိုး မလုပ်ပါနဲ့။

(၃) ကလေးတွေကို ရက်စက်တဲ့ နည်းလမ်းနဲ့ အပြစ်မပေးပါနဲ့။

(၄) ထမင်းပွဲပြင်တာ၊ အိမ်အလုပ်လုပ်တာ၊ ရေချိုးတာ၊ သွားတိုက်တာ၊ အခန်းရှင်းတာ၊ အိပ်ရာသိမ်းတာ စတဲ့ လုပ်ဆောင်မှုတွေကို ကလေး အသက်အရွယ်အလိုက် ပါဝင် ကူညီခိုင်းပါ။

(၅) ကလေးကို မျက်နှာချင်းဆိုင်ပြီး စကား ပြောဖြစ်ဖို့ မကြာခဏ ကြိုးစားပါ။ ကလေး ပြောတဲ့ စကားကို နားထောင်တဲ့အခါ သက်ပြင်းချတာ၊ စိတ်မရှည်တာ စတဲ့ အမူအရာမျိုး တတ်နိုင်သမျှ ဆင်ခြင်ပါ။

(၆) ကလေးဆန်တဲ့ အပြုအမူဆိုပေမယ့် ရိုင်းစိုင်းတယ်လို့ထင်ရင် ပြင်းပြင်းထန်ထန် တားမြစ်ပါ။

(၇) ကလေးက တခြားသူတွေနဲ့ ရှိနေချိန်မှာ တစ်ကိုယ်ကောင်းဆန်ပြီး လက်ဝါးကြီးအုပ်တာကို ခွင့်မပြုသင့်ပါဘူး။

(၈) ကမ္ဘာလောကကြီးကို ချစ်မြတ်နိုးတတ်ဖို့ သင်ပေးပါ။

(၉) ကလေးရဲ့ စံပြဖြစ်ဖို့ သင် ကြိုးစားနေထိုင်ပါ။

(၁၀) ကလေးကို ချစ်ကြောင်း ပြောပြပါ။

Most Popular

Healthy Life Ad
To Top