Healthy Life Ad
International

မီးလောင်ဒဏ်ရာကို ငါးအကြေးခွံနှင့် စွန့်ဦးကုသသည့် စားပွဲထိုးအမျိုးသမီး

၊ မိုးမင်းထွန်း ၊

ဘရာဇီးနိုင်ငံမှ အသက် ၃၆နှစ်အရွယ် စားပွဲထိုးအမျိုးသမီး မာရီယာကန်ဒီဒိုဒါဆီးလ်ဗားဟာ စားသောက်ဆိုင်အတွင်း ကော်ဖီဖျော်စက်ပေါက်ကွဲတာကြောင့် လက်၊ ခြေထောက်နဲ့ မျက်နှာအစိတ်အပိုင်းတချို့ မီးလောင်ဒဏ်ရာရခဲ့ပါတယ်။

ဆရာဝန်တွေက သူ့ဒဏ်ရာတွေကို တီလာပီးယားငါးအကြေးခွံတွေနဲ့ပတ်ပြီး စမ်းသစ်တဲ့နည်းသုံးပြီး ကုသပေးခဲ့ပါတယ်။ ဆေးပညာသမိုင်းမှာ ဒဏ်ရာကျက်အောင် ပလပ်စတာအစား ငါးအကြေးခွံနဲ့ကုသတာက ပထမဆုံးဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။ တီးလားပီးယားအကြေးခွံကို မာရီယာရဲ့ လည်ပင်း၊ မျက်နှာနဲ့ လက်တွေမှာပတ်ထားပြီး ၁၁ရက်ကြာမှ ဖယ်ရှားပေးခဲ့ပါတယ်။ ဘယ်ဘက်လက်ဒဏ်ရာက ပိုနက်တာကြောင့် ငါးအကြေးခွံကို နောက်ကျပြီးမှခွာခဲ့ရပါတယ်။

ပျက်စီးသွားတဲ့ တစ်သျှူးတွေ ပြန်လည်တည်ဆောက်ဖို့ ငါးအကြေးခွံကို ဘယ်ဘက်လက်မှာ ရက်၂၀အတွင်း ဖယ်လိုက်၊ ကယ်လိုက်လုပ်ခဲ့ရပါတယ်။ တီလားပီးယားအကြေးခွံမှာ သင့်တော်တဲ့ ကော်လာဂျင်အမျိုးအစားတစ် ပမာဏပါဝင်ကာ စိုထိုင်းစမြင့်မားပြီး ခြောက်သွေ့ချိန်ကြာပါတယ်။ ရောဂါပိုးမဝင်အောင် ကာကွယ်ပေးပြီး ဒဏ်ရာကျက်စေတဲ့ ပရိုတင်းဓာတ်တွေပါဝင်တယ်လို့ သိရပါတယ်။ မာရီယာကတော့ ဆန်းသစ်တဲ့ကုထုံးကို နှစ်သက်နေပြီး သူ့လိုဒဏ်ရာရသူတွေအတွက် သင့်တော်တဲ့ကုထုံးဖြစ်ကြောင်း ထောက်ခံထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top