Healthy Life Ad
International

အတူနေစဉ် သန်းကြွယ်သူဌေးခင်ပွန်းသည်အဘိုးအို သေဆုံးမှာစိုးရိမ်ဟု အပြာရုပ်ရှင်မင်းသမီးဟောင်းဖွင့်ဟ

မိုးမင်းထွန်း

အသက် ၃၁နှစ်အရွယ် နွန်နက်ဟာ ထိုင်းညစ်ညမ်းရုပ်ရှင်မင်းသမီးဟောင်း တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှ အသက် ၇၀အရွယ် ဗိသုကာသန်းကြွယ်သူဌေး ဟာရိုးနက်စ်လန်းနဲ့ လက်ထပ်ခဲ့ပြီးနောက် သူရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်လွှတ်ခဲ့ပါတယ်။

သူတို့နှစ်ယောက်က ၂၀၁၂ ခုနှစ်က လက်ထပ်ခဲ့ကြပြီး သူကအမေရိကန်ဗီဇာရဖို့ စောင့်စားနေစဉ်အချိန်အတွင်း ခင်ပွန်းဖြစ်သူက လစဉ်ငွေကြေးထောက်ပံ့နေခဲ့ပါတယ်။ လက်ထပ်ပြီး ပထမ ၂နှစ်မှာ သူတို့နှစ်ယောက်က တစ်လတစ်ကြိမ်သာတွေ့ဆုံခဲ့ကြပြီး ခင်ပွန်းသည်က နှလုံးဆေးတွေသောက်နေရတာကြောင့် အတူနေစဉ်အတွင်း သေဆုံးမလား စိုးရိမ်ခဲ့ရပါတယ်။ စိုးရိမ်လာတဲ့ နွန်နက်က ခင်ပွန်းသည်ဆီက ပထမအကြိမ် ကွာရှင်းခွင့်တောင်းခံခဲ့ပါတယ်။

ဒုတိယအကြိမ်၊ တတိယအကြိမ် ကွာရှင်းခွင့်တောင်းခံခဲ့တဲ့အခါ သူ့မှာတခြားအမျိုးသား အဖော်တွေရှိနေပြီလို့ ခင်ပွန်းသည်ကို ဝန်ခံခဲ့ပါတယ်။ သူထက် ပိုဂရုစိုက်တဲ့ယောကျာ်းမတွေ့မချင်း ကွာရှင်းမပေးနိုင်ဘူးလို့ ခင်ပွန်းသည်ဟာရိုးက ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။ အခုအခါ နွန်နက်က တခြားအမျိုးသား ချစ်သူမထားတော့ကြောင်းနဲ့ ခင်ပွန်းဖြစ်သူက လုံလုံလောက်လောက် ထောက်ပံ့တာကြောင့် အပြာမင်းသမီးပြန်လုပ်ဖို့ စိတ်ကူးမရှိတော့ကြောင်းလည်း ပြောပြပါတယ်။

နွန်နက်ဟာ အရင်ကထိုင်းနိုင်ငံမှာ တရားမဝင်တဲ့ အကြမ်းစားအပြာကားတွေရိုက်တာကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၆လနဲ့ ငွေဒဏ်ကျခံရဖူးတယ်လို့လည်း သိရပါတယ်။ ဗုဒ္ဓဘာသာဝင်နွန်နက်က တရားထိုင်၊ ပုတီးစိပ်တာကြောင့် ဒီလိုဂရုစိုက်တတ်တဲ့ အသက်ကြီး ခင်ပွန်းရခဲ့တာလို့ ယုံကြည်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top