Healthy Life Ad
International

စိတ်ဝေဒနာရှင်ခင်ပွန်းကို လုပ်ငန်းခွင်သို့ နေ့တိုင်းခေါ်နေသည့် တရုတ်သန့်ရှင်းရေးသမား

၊ မိုးမင်းထွန်း ၊

တရုတ်အနောက်တောင်ပိုင်းမှ လမ်းသန့်ရှင်း ရေးသမားတစ်ယောက်ဟာ အိမ်မှာစောင့်ရှောက်မယ့်သူမရှိတာကြောင့် စိတ်ကျန်းမာရေးမကောင်းတဲ့ ခင်ပွန်းသည်ကို လုပ်ငန်းခွင်သို့ ခေါ်ဆောင်နေရတာ ၃နှစ်တိုင်ရှိခဲ့ပြီဖြစ်ပါတယ်။

အသက် ၅၁ နှစ်အရွယ် ချန်းရွန်က စီချွမ်ခရိုင်မှ စတုရန်းမီတာ ၄၀ဝ၀ အကျယ်နေရာကို နေ့စဉ်သန့် ရှင်းရေးလုပ်ရပြီး ခင်ပွန်းသည်က အမှိုက်ဂေါ်ပြားကိုင်ကာ ကူညီပေးတယ်လို့ဆိုပါတယ်။ ခင်ပွန်းလယူက ၂၀ဝ၇ခုနှစ်က နေမကောင်းဖြစ်ကာ သွက်ချာပါဒ လိုက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြန်လည်လှုပ် ရှားသွားလာနိုင်ခဲ့ပေမယ့် ဦးနှောက်ပျက်စီးသွားခဲ့ကာ သုံးနှစ်ကလေးငယ်အသိဉာဏ်မျိုးသာရှိတော့တယ် လို့ သိရပါတယ်။

၂၀၁၃ခုနှစ်တုန်းက လယူဟာ အိမ်မှပျောက်သွားခဲ့ပြီး တောင်စောင်းတစ်ခုအနီးမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဇနီးသည်က သူ့ကို အိမ်မှာမထားခဲ့တော့ဘဲ လုပ်ငန်းခွင်သို့ အမြဲ ခေါ်ဆောင်သွားနေတာဖြစ်ပါတယ်။

ချန်းရွန်ဟာ သန့်ရှင်းရေးအလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့တာ ၁၂နှစ် ကြာခဲ့ပြီဖြစ်ပြီး အခုအခါ သူတို့ရဲ့ မိသားစုစားဝတ်နေရေးဟာ များစွာအဆင်ပြေလာခဲ့ပါတယ်။ သူတို့ရဲ့သားဟာ မာစတာဘွဲ့ရခဲ့ကာ အလုပ်လုပ်နေပြီဖြစ်ပြီး အိမ်ကိုငွေပြန်ပို့နေပြီလို့သိရပါတယ်။ သူတို့စုံတွဲဟာ လစဉ်လူမှုထောက်ပံ့ ငွေလည်းရရှိတယ်လို့ သိရပါတယ်။

(Ref; SCMP)


(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top