မေး ။ စကားပြောရင် အသံဝင်သွားတာမျိုး .. အသံမထွက်တာမျိုး ..အသံကမူမမှန်တာတို့ဆိုရင် ဘယ်လို လုပ်သင့်သလဲ။
စိုးစံ (FB)
ဒေါက်တာမြတ်ထွဋ်ညွန့် မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ ခဏတဖြုတ် အသံဝင်တာ၊ အသံပျက်တာမျိုးက ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အအေးမိတုပ်ကွေးဖြစ်၊ အဆုတ်ရောင်တဲ့ အခါမျိုးမှာပါ။ တကယ်လို့ အဲဒီလိုမဟုတ်ဘဲ ၁၀ရက်ထက်ကျော်တဲ့အထိ အသံ ဆက်ဝင်နေရင်တော့ သေသေချာချာ စစ်ဆေးကုသဖို့ လိုပါတယ်။ ဆေးလိပ်မသောက်ဖို့၊ ဆေးလိပ်ငွေ့၊ မီးခိုးတွေ မရှူမိဖို့၊ အသံကျယ်ကျယ် ဆက်တိုက်မပြောဘဲ နေဖို့ လိုပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)