Healthy Life Ad
Life Style

တစ်ပတ်အတွင်း အရေးကြောင်းလျော့ပါးစေမည့် အိမ်လုပ်မျက်နှာလိမ်းခရင်မ်

၊ လရိပ်မေ ၊

သဘာဝဆိုတာ အကောင်းဆုံးဖြစ်ပြီး သဘာဝနည်းလမ်းတွေနဲ့ အလှပြင်ရင် အသားအရေကို ထိခိုက်မှုအနည်းဆုံးနဲ့ ကြည့်ကောင်းစေပါတယ်။

ပါဝင်ပစ္စည်းများ

– ဗက်ဆလင်းအလှဆီ လက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊

– သံလွင်ဆီ ထမင်းစားဇွန်းတစ်ဇွန်း၊

– ကြက်ဥအနှစ် တစ်လုံး၊

– ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊

– ထောပတ်သီးမှည့် တစ်လုံး။

ဘယ်လိုပြင်ဆင်ရမလဲ

ဗက်ဆလင်းအလှဆီကို စက္ကန့်အနည်းငယ်ခန့် အပူပေးပါ။ ပြီးရင် ပျားရည်နဲ့ သမအောင်ရောမွှေပါ။ ကြက်ဥအနှစ်၊ ထောပတ်သီးမှည့်နဲ့ သံလွင်ဆီထည့်ပြီး စေးပျစ်သွားတဲ့အထိမွှေပေးပါ။

ဘယ်လိုအသုံးပြုရမလဲ

– ရလာတဲ့အရောအနှောကို အနည်းဆုံးငါးမိနစ်ခန့် အအေးခံထားပါ။

– မျက်နှာသစ်ပြီး မျက်နှာပေါ်မှာ အဲဒီခရင်မ်ကို သုတ်လိမ်းပေးပါ။

– လက်သူကြွယ်ကိုသုံးကာ စက်ဝိုင်းပုံစံလှည့်ပြီး ညင်ညင်သာသာနှိပ်ပေးပါ။

– မိနစ် ၃၀လောက်ထားပြီး ဝါဂွမ်းစနဲ့သုတ်ပေးပါ။ ပြီးမှ ရေနဲ့ဆေးချလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top