Healthy Life Ad
Health Tips

လေပွခြင်း ကင်းစေမည့် နည်းလမ်းကောင်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

လေပွတာ သက်သာစေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) အစားအစာကို အလွန်အမင်း မစားသင့်
အလွန်အမင်း ဗိုက်ပြည့်တဲ့အထိစားတာကြောင့် လေပွစေနိုင်ပါတယ်။ အစာများများစားပြီးတိုင်း မအီမသာ ခံစားနေရတယ်ဆိုရင် အစာကို နည်းနည်းချင်းပဲ စားပေးပါ။ အစာကို ကြေညက်အောင် ဝါးစားတာက ပိုပြီးကောင်းပါတယ်။ ဒါဆိုရင် အစာနဲ့အတူ မျိုချလိုက်တဲ့ လေပမာဏလျော့ကျသွားပါလိမ့်မယ်။

(၂) အကျိုးပြုဘက်တီးရီးယား စားပါ
အူထဲက ဘက်တီးရီးယားတွေကနေ ထုတ်လိုက်တဲ့ လေကြောင့် လေပွတဲ့ဝေဒနာဖြစ်တတ်ပါတယ်။ အူထဲမှာ ရှင်သန်နေတဲ့ ဘက်တီးရီးယားမျိုးစုံကြောင့် လေပွတာဖြစ်တတ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့ ဒိန်ချဉ်လို အစာကိုစားပေးတာကြောင့် လေထတာနဲ့ လေပွတာကို သက်သာစေပြီး အထူးသဖြင့် အစာခြေလမ်းကြောင်းပြဿနာကို သက်သာစေပါတယ်။

(၃) အစာနှင့်ဓာတ်မတည့်မှု ရှိ၊ မရှိ စစ်ဆေးပါ
အစာနဲ့ ဓာတ်မတည့်ရင် လေထတာ၊ လေပွတာနဲ့ တခြားဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဓာတ်မတည့်မှုဖြစ်တတ်တဲ့ အစာတွေက ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နွားနို့နဲ့ ပင်လယ်စာတွေ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top