Healthy Life Ad
International

သီတင်းပတ်အနည်းငယ်အတွင်း ဘိုးလင်းဘောလုံးလောက် ကြီးထွားလာသော ကင်ဆာအကျိတ်ကြောင့် သေလုနီးပါးဖြစ်ခဲ့သောအမျိုးသား

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက် ၄၇နှစ်အရွယ် ကယ်ဗင်အိုနေးလ်မှာ ၁၀ပေါင်အလေးချိန် ဘိုးလင်းဘောလုံးအရွယ်အစားရှိ အကျိတ်ကြီးဟာ နောက်ကျောမှာ ၁၂ ပတ်အတွင်း ကြီးထွားလာခဲ့ပါတယ်။ Myopericytoma ခေါ်တဲ့ ရှားပါးတဲ့ အကျိတ်ဖြစ်ပေါ်စေတဲ့ရောဂါလို့ ဆရာဝန်တွေက ယုံကြည်ကြပါတယ်။

ကင်ဆာအထူးကုဆရာဝန်က အိုးနေးလ်သာ နောက်ထပ် ၅နှစ်ကနေ ၁၀နှစ်အထိ အသက်ကြီးနေရင် ဘေးထွက်ဆိုးကျိုးများတာကြောင့် ခွဲစိတ်ဖို့ဖြစ်နိုင်မှာမဟုတ်ဘဲ အနာသက်သာတဲ့ဆေးတွေသာ ဘဝတစ်သက်တာလုံး စားသွားဖို့ရှိကြောင်း ပြောပြခဲ့ပါတယ်။ သူဟာ အကျိတ်ကျုံ့သွားစေဖို့ ဓာတ်ကင်ကုသမှု အကြိမ် ၃၀ပြုလုပ်ခဲ့ရပြီး ကုသမှုအောင်မြင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ် အောက်တိုဘာလက သူ့ရဲ့အကျိတ်ကို ဆရာဝန်တွေက ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ ဆေးတွေ ရေရှည်သောက်သုံးနေရပေမယ့် မကြာခင်ရက်အနည်းငယ်က ဆေးစစ်ချက်တွေအရ ကင်ဆာကင်းရှင်းကြောင်း တွေ့ရှိခဲ့ပါတယ်။ အိုနေးလ်က အသက်ရှင်သန်နိုင်ခဲ့တာ ကံကောင်းကြောင်းနဲ့ ကုသပေးသူ ဆရာဝန်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ သူ့ဘဝဇာတ်ကြောင်းကို ဘဝတူရှားပါးရောဂါခံစားနေရသူတွေ အားတက်အောင် သိရှိစေလိုကြောင်းနဲ့ ခန္ဓာကိုယ်အတွင်း အပြောင်းအလဲတစ်ခုခုဖြစ်တာ သတိပြုမိတာနဲ့ ဆရာဝန်နဲ့ချက်ချင်းပြသသင့်ကြောင်း အိုနေးလ်က တိုက်တွန်းသွားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top