Healthy Life Ad
Health Tips

ခါးနာ သက်သာစေသည့် ရေ

လူ ၇၅ ရာခိုင်နှုန်းဟာ ရေဓာတ်ခမ်းခြောက်မှုတာရှည်ဖြစ်ပေါ်နေကြောင်း အမေရိကန်လေ့လာမှု အရသိရပါတယ်။ ရေဓာတ်ခမ်းခြောက်မှုကြောင့် ခါးအတိုင်းအတာကို ထိခိုက်စေရုံသာမက ခါးကိုလည်း နာကျင်စေပါတယ်။ လေ့လာမှုအရ တစ်နေ့ ရေ ၈-၁၀ ဖန်ခွက်သောက်သူတွေဟာ ခါးနဲ့ အဆစ်နာကျင်မှုကို ၈၀ ရာခိုင်နှုန်းနဲ့အထက် လျော့ကျစေကြောင်း သိရပါတယ်။

အကြောင်းကတော့ ရေဓာတ်ခမ်းခြောက်မှုကြောင့် သွေးနဲ့ အဆစ်တွင်းအရည်တွေထူထဲလာပြီး ယူရစ်အက်စစ်တွေက အဆစ်ထဲမှာစုပုံကာ ဂေါက်အဆစ်ရောင်နာလို နာကျင်မှု ဖြစ်လာပါတယ်။ ရေသောက်တာက ကိုယ်အလေးချိန်ကျစေတဲ့အပြင် နာကျင်မှုကိုလည်း လျော့ပါးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top