Healthy Life Ad
Q & A

ခြေထောက်အသားမာတက်တယ် . . .

မေး. အသားမာတက်ရင် ဘာဖြစ်တတ်ပါသလဲ၊ အသားမာကိုညှပ်လိုက်ရင် ရောဂါပိုးတွေဝင်ပြီး ကင်ဆာဖြစ်တတ်တယ်ဆိုတာ ဟုတ်ပါသလား။ အသားမာဖြစ်ရင် အကြည့်ရဆိုးလို့ မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ။
လေပြေ၊ ဒေါပုံ။

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အသားမာတက်တာကြောင့် ခြေထောက်အသားမာနေရာမှာ နာလာတတ်ပါတယ်၊ ဘက်တီးရီးယားပိုး ဝင်နေတတ်ပါတယ်၊ လမ်းလျှောက်ရင် အဆင်မပြေ ဖြစ်လာတတ်ပါတယ်။ အသားမာတွေက မပွားတတ်ပါဘူး။ အသားမာကနေရခက်စေလို့ ရေစိမ်ပြီး၊ ဓားသန့်သန့်နဲ့ သွေးမထွက်အောင်၊ အရေပြား ဒဏ်ရာမရအောင် ခြစ်ကြပါတယ်၊ သွေးထွက်အောင် ခြစ်ပစ်ရင် အရေပြားဘက်တီးရီးယားပိုး ဝင်တတ်ပါတယ်၊ အသားမာက ကင်ဆာမဖြစ်တတ်ပါဘူး။

အသားမာမဖြစ်အောင် သင့်တော်မယ့်၊ ဒေါက်သိပ်မမြင့်တဲ့ ဖိနပ်မျိုး၊ လှတာထက် သက်သောင့် သက်သာဖြစ်စေမယ့် ဖိနပ်မျိုးစီးသင့်ပါတယ်။ ရှုးဖိနပ်၊ ဒါမှမဟုတ် ဖိနပ်ပိတ်ပိတ်စီးရင် ခဲ၊ ကျောက်စရစ် တွေဝင်တဲ့အခါ အသားမာဖြစ်တတ်တာ သတိထားစေချင်ပါတယ်။ ဖိနပ်ကျပ်ကျပ်ဝတ်ရင်လည်း ခြေချောင်းတွေနဲ့ ဖိနပ်ကြားမှာ ဖိအားများတတ်လို့ အသားမာဖြစ်တတ်တာ သတိထားစေချင်ပါတယ်။ အသားမာမဖြစ်တာ အကောင်းဆုံးပါ၊ အသားမာသိပ်ဆိုးရင် ခွဲစိတ်ကုသမှု ခံရတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top