Healthy Life Ad
Life Style

လိင်လမ်းကြွက်နို့ (Genital warts)

ဒေါက်တာတင့်ဆွေ

ကြွက်နို့ကိုဖြစ်စေတာက Human papillo-mavirus (HPV) ဗိုင်းရပ်စ်တမျိုးဖြစ်တယ်။ အမျိုးအစားပေါင်း ၂၀ဝ လောက်တွေ့ထားပေမယ့် တချို့ကသာရောဂါရစေတယ်။ အရေပြားမှာဖြစ်တဲ့ ကြွက်နို့တွေက HPV-1 နဲ့ HPV-2 ကြောင့်ဖြစ်တယ်။

လိင်လမ်းကြွက်နို့ကို HPV ၆ နဲ့ ၁၁ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်ရတာ ၉၀ ရာခိုင်နှုန်းရှိတယ်။ မျက်စိ၊ နှာခေါင်း၊ ပါးစပ်နဲ့ လည်ချောင်းတွေမှာလည်း ဒီပိုးတွေကနေ ဖြစ်စေနိုင်တယ်။ အမျိုးအစား ၃၀-၄၀တို့က လိင်ဆက်ဆံလို့ ကူးစက်တယ်။ လိင်အင်္ဂါ-ကြွက်နို့ဟာ လိင်မှတဆင့် ကူးစက်ရောဂါတွေမှာ အများဆုံးဖြစ်ပြီး၊ အမေရိကားမှာ လူပေါင်း သန်း ၂၀ ဒါမှမဟုတ် လိင်ဆက်ဆံနိုင်တဲ့ အရွယ်ရှိသူပေါင်းရဲ့ ၁ရာခိုင်နှုန်းမှာ ရှိနေတယ်။ Genital Warts လိင် အင်္ဂါကြွက်နို့ကို Condyloma လို့လည်းခေါ်တယ်။ တချို့မှာ ပိုးရှိနေပေမယ့် ကြွက်နို့မပေါ်သေးဘူး။

တချို့ပိုးတွေက မိန်းမနဲ့ယောကျာ်း လိင်အင်္ဂါနားတဝိုက် (ဗဂျိုင်းနား၊ လိင်တံ၊ စအို)မှာ ကင်ဆာဖြစ်စေတယ်။ သားအိပ်အဝ-ကင်ဆ ဖြစ်စေတဲ့ပိုးနဲ့ လိင်အင်္ဂါကြွက်နို့ဖြစ်စေတဲ့ပိုးတွေ မတူကြပါ။ ကြွက်နို့ပေါက်မနေသူဆီကနေလည်း ကူးလာနိုင်တယ်။ လိင်ဆက်ဆံနည်းမျိုးစုံ (ရိုးရိုးနဲ့ စအို၊ ပါးစပ်) လမ်းတွေက ကူးနိုင်တယ်။ ပိုးရှိသူနဲ့ဆက်ဆံပြီးနောက် အချိန်တို ဒါမှမဟုတ် ကြာမှလည်း ကြွက်နို့ဖြစ်လာတတ်တယ်။ မိခင်မှာကြွက်နို့ရှိနေလို့ မွေးလာမယ့်ကလေးကို ကူးစက်နိုင်မှုက အလွန်နည်းပါးလှပါတယ်။ သူ့ဘာသာသူလည်း ပျောက်သွားနိုင်တယ်။ အသက်ကိုရန်မရှာဘူး။ ဆေးကုနည်းတွေရှိတယ်။ ဆေးကုပြီးလည်း ပြန်ဖြစ်နိုင်တယ်။

အမြင်အရ သက်သာ၊ သေးငယ်သွားတာနဲ့ ပျောက်သွားတာဖြစ်နိုင်ပေမယ့် ပိုးကိုတော့ ရှင်းသွားစေအောင် မတတ်နိုင်ပါ။ ဗိုင်းရပ်စ်ကို သတ်မယ့်ဆေးမရှိပါ။ ကုသနည်း အမျိုးမျိုးတော့ ရှိတယ်။ အလွယ်ဝယ်ယူရရှိတဲ့ဆေးတွေကို အားမကိုးပါနဲ့။ ဘယ်နည်းက အကောင်းဆုံးလို့ မပြောနိုင်ပါ။ ပျောက်သွားမယ်လို့လည်း ရာနှုန်းပြည့် အာမမခံနိုင်ပါ။ ကုသရင် မြန်မြန်သက်သာစေပါမယ်။ ကျန်နေသေးမယ့် ပိုးတွေကိုလည်း ထိန်ထားရာကျပါမယ်။ လမ်းဘေးကဆေးတွေကနေ မလိုတာတွေ ဖြစ်နိုင်ပါတယ်။

ကြွက်နို့ပေါက်တဲ့နေရာကို မထိခိုက်မိပါစေနဲ့။ သွေးထွက်မယ်၊ ကူးစက်မယ်။ လိင်ဆက်ဆံဘက်အဖော်အတွက် ထည့်စဉ်းစားပါ။ အကာအကွယ်သုံးပါ။ ထိကိုင်တာ ရှောင်ရှားပါ။ ကလိမနေပါနဲ့၊ ဇာဂနာ စတာနဲ့ ဆွဲနုတ်တာ မလုပ်ပါနဲ့။ ၁၀-၂၀ ရာခိုင်နှုန်းလောက်က ၃-၄ လနေရင် ပျောက်သွားနိုင်တယ်။

ဘယ်လိုကုသမလဲ

ကြွက်နို့ပေါက်တဲ့နေရာကို မထိခိုက်မိပါစေနဲ့။ သွေးထွက်မယ်၊ ကူးစက်မယ်။ လိင်ဆက်ဆံဘက် အဖော်အတွက် ထည့်စဉ်းစားပါ။ အကာအကွယ်သုံးပါ။ ထိကိုင်တာ ရှောင်ရှားပါ။ ကလိမနေပါနဲ့၊ ဇာဂနာ စတာနဲ့ ဆွဲနုတ်တာမလုပ်ပါနဲ့။ ၁၀-၂၀ ရာခိုင်နှုန်းလောက်က ၃-၄ လနေရင် ပျောက်သွားနိုင်တယ်။ အမြင်အရ သက်သာ၊ သေးငယ်သွားတာနဲ့ ပျောက်သွားတာ ဖြစ်နိုင်ပေမယ့် ပိုးကိုတော့ ရှင်းသွားစေအောင် မတတ်နိုင်ပါ။

ကြွက်နို့ပျောက်သွားပေမယ့် သူ့ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ရှင်းထုတ်မရပါ။ ဒါ့ကြောင့် ပြန်ပေါ်နိုင်တယ်။ မကုဘဲထားရင် သူ့အလိုလို ပျောက်သွားချင်သွားမယ်။ ရှေ့မတိုး နောက်မဆုတ်ရှိနေမယ်။ တိုးချင်တိုးလာမယ်။ ကင်ဆာဖြစ်မသွားပါ။ ၉၀ ရာခိုင်နှုန်းလောက်မှာ ကိုယ်ခံအားကနေ တိုက်ဖျက်ပေးနိုင်တယ်။ ဆေးမကုဘဲ ၂နှစ်ဆိုရင် ပျောက်သွားနိုင်တယ်။

ဘယ်ဟာအကောင်းဆုံးလို့ ပြောမရပါ။ Algo­rithms ကို အများဆုံးသုံးတယ်။ ဖြစ်နေတဲ့နေရာ၊ အရွယ်အစား၊ အရေအတွက်၊ ဘေးထွက်-ဆိုးကျိုး၊ ကုန်ကျစရိတ်၊ လူနာ့အကြိုက် စတဲ့အချက်တွေကို ကြည့်ရတယ်။ ဆေးနည်းပြောင်းချင်ပြောင်းရတယ်။ တွဲလုပ်ချင်လုပ်ရတယ်။ ခပ်စိုစိုနေရာမှာဖြစ်တာက ရလဒ်ပိုကောင်းတယ်။ အများအားဖြင့် ၃ လကြာတယ်။

– Condylox (.5% Podofilox) ကို FDA က အသိအမှတ်ပြုထားတယ်။ ဖြစ်တဲ့နေရာကိုလိမ်းပါ၊ ဆေးပစ်ဖို့မလိုပါ။ ကိုယ်ဝန်မှာမသုံးရပါ။ ကလေးကိုထိခိုက်နိုင်တယ်။ Podophyllin resin or Podofin 5% to 25% lotion or gel လိမ်းဆေးကို လိမ်းပြီး ၁-၄ နာရီအကြာမှာ ဆေးပစ်ရတယ်။ ဘေးထွက်ဆိုးကျိုး နည်းစေတယ်။ တနေ့ ၂ ကြိမ်၊ ၃ ရက်လိမ်း၊ ၄ ရက်နား၊ ပေါင်း ၄ ပတ်ကြာ။

၄၅-၇၇-၈၈ရာခိုင်နှုန်း ထိရောက်တယ်။ လောင်နိုင်တယ်၊ နီရဲလာမယ်၊ နာမယ်၊ ယားမယ်၊ ရောင်မယ်၊ Condylox 0.5% Topical Solution စသုံးသူ ၇၉ ရာခိုင်နှုန်း၊ ပြန်ဖြစ်သူ ၃၅ရာခိုင်နှုန်း၊ ကောင်းသွားသူ ၆၀ ရာခိုင်နှုန်း။ Podofilox ဆေးကို Antimitotic drug ခေါ်တယ်။ ဈေးမကြီးဘူး။ ဂွမ်းနဲ့ဖြစ်ဖြစ် လက်နဲ့ဖြစ်ဖြစ် လိမ်းနိုင်တယ်။ ဆေးလိမ်းတဲ့နေရာက ၁၀ cm2 ထက် ပိုမကျယ်သင့်ဘူး။ တနေ့မှာ ဆေးကလည်း 0.5 mL ထက်ပိုမသုံးသင့်ဘူး။ အစရက်မှာ ဆရာဝန်က ပြပေးသင့်တယ်။ ဆေးကိုလိမ်းပြီး လေသလပ်ခံခြောက်သွားပါ။ တပတ်တခါလိမ်းပါ။

ဆေးကပြင်းတယ်၊ များသွားရင် ဘေးထွက်-ဆိုးကျိုးတွေရှိမယ်။ တခြားအနာရှိနေရင် မဝင်စေနဲ့။

– Fluorouracil topical (Carac, Efudex, Fluoroplex) အရေပြားကင်ဆာအတွက်လည်းသုံးတယ်။ 0.5%, 1% and 5%, Solution 2% Cream ကိုလည်းသုံးနိုင်တယ်။

– Imiquimod (Aldara) အရေပြား-ကင်ဆာအတွက်သုံးတာကို ကြွက်နို့အတွက်လည်းသုံးတယ်။ ၁၂ နှစ်အောက် ကလေးတွေ မပေးရပါ။ Basal cell carcinoma အရေပြားကင်ဆာအတွက် တပတ်မှာ ၅ ခါလိမ်း၊ ၆ ပတ်ကြာ။ ကြွက်နို့ ၇ ရက် တပတ်မှာ ၃ ခါလိမ်း၊ ၁၆ ပတ်ကြာ။ ဆိုးကျိုး= နီရဲ၊ ရောင်၊ ယား၊ နာ၊ အရေထူ၊ အရေကွာ၊ အရောင် ပြောင်း၊ Imiquimod ဆေးကို Active immune enhancer ခေါ်တယ်။ သူကနေ Inter­feron နဲ့ တခြား Cytokines တွေထွက်အောင် နှိုးဆွပေးတယ်။ နောက်တနည်း တညတခါလိမ်းပါ။ တပတ် ၃ရက်၊ ပေါင်း ၁၆ ပတ်။ ဆေးလိမ်းပြီး ၆-၁၀ နာရီကြာရင် ရေနဲ့ဆပ်ပြာသုံးဆေးပါ။ ဆေးလိမ်ရာနေရာမှာ နီလာနိုင်တယ်၊ အနေရခက်မယ်၊ မာလာမယ်။ အနာလိုဖြစ်မယ်။ အပူဖူးပေါက်နိုင်တယ်။ အရေပြားက အရောင်ပျော့လာမယ်။

– Interferon alfa-n3 (Alferon N) ဆေးကို တခြားနည်းတွေနဲ့ မရသူတွေအတွက်သုံးတယ်။ မတည့်လို့ အလာဂျီရတတ်တယ်။ တုပ်ကွေးလိုဖြစ်မယ်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အဆစ်-ကြွက်သားနာ၊ ပျို့-အန်ချင်၊ အိပ်ရေးပျက်၊

– Pedophyllin resin 10%–25% ဆေးကိုလိမ်းပြီး လေသလပ်ခံခြောက်သွားပါ။ တပတ်တခါ လိမ်းပါ။ ဆေးကပြင်းတယ် များသွားရင် ဘေးထွက်-ဆိုးကျိုးတွေရှိမယ်။ <0.5 mL သာလိမ်းပါ။ <10 cm2 ထက်နေရာမကျယ်စေနဲ့။ တခြားအနာရှိနေရင် မဝင်စေနဲ့။ ၁-၄ နာရီကြာရင် သေသေချာချာဆေးပစ်ပါ။

– Podofilox ဆေးကို Antimitotic drug ခေါ်တယ်။ ဈေးမကြီးဘူး။ ဂွမ်းနဲ့ဖြစ်ဖြစ် လက်နဲ့ဖြစ်ဖြစ် လိမ်းနိုင်တယ်။ တနေ့ ၂ ကြိမ်၊ ၃ ရက်လိမ်း၊ ၄ရက်နား။ ပေါင်း ၄ ခါအထိ လုပ်နိုင်တယ်။ ဆေးလိမ်းတဲ့ နေရာက 10 cm2 ထက် ပိုမကျယ်သင့်ဘူး။ တနေ့မှာ ဆေးကလည်း 0.5 mL per day ထက် ပိုမသုံးသင့်ဘူး။ အစရက်မှာ ဆရာဝန်ကပြပေးသင့်တယ်။ နည်းနည်းနာတာနဲ့ အနေရခက်တာ ရှိနိုင်တယ်။

– Sinecatechin ointment ဆေးကို တနေ့ ၃ ကြိမ်၊ ကြွက်နို့တခုကို ဝ.၅-cm ဆေးပါးပါးလိမ်းပါ။ ၁၆ ပတ်ထက် ပိုမကြာစေနဲ့။ ဆေးလိမ်းတာကို ဆေးမပစ်ရပါ။ ဆေးရှိနေတုံး လိင်ဆက်ဆံမှုမပြုရဘူး။ လိမ်းတဲ့နေရာ နီရဲဖောင်းလာမယ်။ အနာလည်း ဖြစ်နိုင်တယ်။ အပူဖုလည်း ပေါက်နိုင်တယ်။ Sinecate-chins 15% ointment ဖြစ်တယ်။ တနေ့ ၃ ကြိမ်၊ ကြွက်နို့တခုကို ဝ.၅-cm ဆေးပါးပါးလိမ်းပါ။ ၁၆ ပတ်ထက် ပိုမကြာစေနဲ့။ ဆေးလိမ်းတာကို ဆေးမပစ်ရပါ။ ဆေးရှိနေတုံး လိင်ဆက်ဆံမှုမပြုရဘူး။ လိမ်းတဲ့နေရာ နီရဲဖောင်းလာမယ်။ အနာလည်း ဖြစ်နိုင်တယ်။ အပူဖုလည်း ပေါက်နိုင်တယ်။

– Trichloroacetic acid (TCA) or Bi-chloroacetic acid (BCA) 80%–90% တပတ် ၁ ခါသာ လိမ်းရတယ်။ အက်စစ်တွေက လောင်စေတဲ့ ဆေးမျိုးဖြစ်တယ်။ ဘေးကို အမြန်ပြန့်လို့ သတိထားပါ။ နာမယ်။ ပူလောင်မယ်။ မခံနိုင်ရင် ဆပ်ပြာနဲ့ရေဆေးပါ။ Sodium bicarbonate ဆော်ဒါနဲ့ အက်စစ်ဓာတ်ပျယ်စေပါ။ ကြွက်နို့မဟုတ်တဲ့နေရာ မထိစေရ။ ၆-၁၀ ပတ်အကြာ ၈၈ရာခိုင်နှုန်း ပျောက်တယ်။ ဒီအက်စစ်တွေက လောင်စေတဲ့ ဆေးမျိုးဖြစ်တယ်။ နေရာတခုခြင်း Vaginal Warts (ဗဂျိုင်းနား) ကြွက်နို့ကို Liquid nitrogen နဲ့ Cryotherapy လုပ်ရတယ်။ Cryoprobe မသုံးသင့်ပါ။ နောက်တနည်း TCA or BCA 80%–90% ပါးပါးလေး လိမ်းနိုင်တယ်။ ခြောက်သွေ့ပါစေ။ ဆေးများသွားရင် Sodium bicarbonate, Liquid soap နဲ့ဆေးပါ။ တပတ်တခါ။

– Urethral Meatus Warts ဆီးသွားပေါက် ကြွက်နို့ကို Cryotherapy with liquid nitrogen နည်း၊ ဒါမှမဟုတ် Podophyllin 10%–25% in compound tincture of Benzoin သုံးပါ။ ဆေးမလိမ်းခင် နေရာကိုခြောက်သွေ့နေပါစေ။ တပတ်တခါ။

– Anal Warts စအိုကြွက်နို့ကို Cryotherapy with liquid nitrogen သုံးပါ။ ဒါမှမဟုတ် TCA or BCA 80%–90% ပါးပါးလေးသုံးပါ။ ခြောက်သွားပါစေ။ များတာကို talc, sodium bicarbo­nate, or liquid soap နဲ့ ဓာတ်ပျယ်စေနိုင်တယ်။ ဒါမှမဟုတ် Surgical removal ခွဲစိတ်ကုသပါ။ Intra-anal warts စအိုထဲကြွက်နို့ အထူးကုနဲ့ ကုသပါ။

ခွဲစိတ်ကုသနည်း

ကြွက်နို့ကြီးတာမျိုး၊ များတာမျိုးအတွက် ထုံဆေးပေးပြီး Electrocautery လျှပ်စစ်နဲ့လုပ်နိုင်တယ်။ Excision ခွဲစိတ်ဓားနဲ့ ဖြတ်ထုတ်နိုင်တယ်။ ၂၅%-၅၅% ပျောက်နိုင်တယ်။ သွေးထွက်တာကို Chemical styptic (Aluminum chloride solu­tion) အများအားဖြင့် ပြန်မချုပ်ဘဲထားတယ်။ Cryosurgery အေးခဲနည်း၊ Electrocauterization လျှပ်စစ်နည်း၊ Carbon dioxide laser vaporization လေဆာနည်းတွေ ရှိသေးတယ်။ ဆီးသွားပြွန်ထဲဖြစ်တာမှာ တခြားဆေးမတိုးရင် လေဆာနည်းနဲ့ ခွဲစိတ်နည်းလုပ်ရတယ်။

တစ်ယောက်မှာ လိင်လမ်းကြွက်နို့ရှိနေရင် သူ့အဖော်(မိန်းမ-ယောကျာ်း)ကိုလည်း ဆေးစစ်ရမယ်။ အမျိုးသမီးမှာဖြစ်နေတာဆိုရင် Pap smears သားအိမ်ဝ-ကင်ဆာ ရှိ-မရှိစစ်ဆေးတာကို အနည်းဆုံး ၁ နှစ် လုပ်သင့်တယ်။ တကယ်လို့ ကြွက်နို့က သားအိမ်ဝမှာ ဖြစ်နေသူဆိုရင် ၃-၆ လတခါလုပ်ရမယ်။ (ကွန်ဒွန်)က HIV အတွက်သာမက လိင်အင်္ဂါကြွက်နို့နဲ့ သားအိမ်အဝ-ကင်ဆာတို့ အတွက်ပါ ကာကွယ်ရာကျတယ်။ ဒါပေမဲ့ ကြွက်နို့ပေါက်ရာနေရာကို (ကွန်ဒွန်)က ဖုံးမထားနိုင်ရင် ကြွက်နို့မှန်သမျှကို ကာကွယ်မှုမပေးနိုင်ပါ။ လိင်ဆက်ဆံတဲ့အဖော်ဆိုတာ သတ်သတ်မှတ်မှတ်ရှိသင့်တယ်။ ကိုယ့်အဖော်၊ ဇနီး၊ ခင်ပွန်းကို သစ္စာရှိပါလေ။

လိင်လမ်းကြွက်နို့ ကာကွယ်ရေး

လိင်လမ်းမှာ ကြွက်နို့ရှိနေသူနဲ့ လိင်ဆက်ဆံမှုရှောင်ရင် ကူးစက်တာမဖြစ်စေပါ။ ကွန်ဒွမ်က ကြွက်နို့ကို မဖုံးနိုင်ရင်လည်း ကာကွယ်မှုမပေးပါ။ တစ်ယောက်ကိုတစ်ယောက် ရိုးသားပါ။ Vulva HPV မိန်းမကိုယ်မှာရှိတာကို စမ်းသပ်နည်းမရှိပါ။ Cervix HPV သားအိမ်ဝ(ခေါင်း)မှာရှိတာကိုတော့ စမ်းလို့ရတယ်။

HPV vaccine ကာကွယ်ဆေး Gardasil နဲ့ Cervarix ၂ မျိုးရှိနေပြီ။ Cervarix u 70% of cervical cancers ဖြစ်စေတဲ့ (types 16 and 18) ကိုကာကွယ်မယ်။ Gardasil ကာကွယ်ဆေးက 90% of genital warts ဖြစ်စေတဲ့ (types 6 and 11)ကို ကာကွယ်မယ်။ လိင်မဆက်ဆံမီအရွယ်မှာ ထိုးနိုင်တာကောင်းတယ်။ ယောကျာ်းတွေအတွက် (Gardasil) ဟာ လိင်အင်္ဂါကြွက်နို့ကို ကာကွယ်တယ်။

ယောကျာ်းလေး၊ မိန်းကလေး ၉ နှစ်သမီးကနေ ၂၆ နှစ်သမီးအထိ ထိုးပေးသင့်တယ်။ ကြွက်နို့ ပေါက်နေသူ ထိုးဖို့မလိုပါ။ HPV ကြောင့်ဖြစ်တဲ့ လိင်လမ်း-ကြွက်နို့ဖြစ်မှာကို ကာကွယ်နိုင်တယ်။ Gardasik ဆေးကို ၆ လအတွင်းမှာ ၃ ခါထိုးရတယ်။ ဘေးထွက်-ဆိုးကျိုး ဆိုးဝါးတာမရှိပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top