Healthy Life Ad
Life Style

သွားကိုကြည့်ပြီး သင့်အကြောင်းပြောပြမယ်

၊ ငွေကြယ်စင်ယံ ၊

သွားကိုကြည့်လိုက်ရုံနဲ့ သင့်အကြောင်းသိနိုင်မယ့် အချက်တွေရှိပါတယ်။

– သွားက အစွန်းအထင်း ထင်နေလျှင်

ပုံမှန်အတိုင်းသွားဝါနေတာလို့ သင်ထင်ကောင်း ထင်မိပါလိမ့်မယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒါက ကော်ဖီအသောက်များတာ၊ ဝိုက်အသောက်များတာတွေရဲ့ သင်္ကေတတစ်ခုပါ။ သွားက အညိုရောင်အစင်းတွေထင်နေရင် ဆေးဝါးတစ်မျိုးမျိုး (ဥပမာ- တက်ထရာဆိုက်က လင်း ပဋိဇီဝပိုးသတ်ဆေး)ကြောင့် ဖြစ်နိုင်ပါတယ်။ သွားဆရာဝန်ထံ ပြသရပါမယ်။

– သွားပုံစံက ရုတ်တရက် ပြောင်းလဲသွားလျှင်

သွားတွေ ရုတ်တရက်ချိုင့်သွားရင် ဒါကသွားနဲ့ မေးရိုးတွေကို ထိခိုက်စေတဲ့သွားမြစ်ဝှမ်းရောဂါကြောင့် ဖြစ်နိုင်ပါတယ်။

– သွားကို တစ်နေ့နှစ်ကြိမ်တိုက်ရပါမယ်။ အထူးသဖြင့် ညအိပ်ရာဝင်ခါနီးသွားတိုက်ဖို့ မမေ့ပါနဲ့။

– နေ့တိုင်းသွားကြားထိုးကြိုးနဲ့ သန့်စင်ရပါမယ်။

– တစ်နှစ် နှစ်ကြိမ်ခန့် သွားဆရာဝန်ထံသွားပြရပါမယ်။

– သွားကိုက်လျှင်

သွားကိုက်ရင်၊ သွားကိုက်တာက တစ်ပတ်လောက်အထိဖြစ်ရင် ဒါက ညအိပ်ရင်းသွားကြိတ်နေသလားဆိုတာ ဆန်းစစ်ရပါမယ်။ သွားကိုက်တာသက်သာဖို့ တစ်နေ့နှစ်ကြိမ်သွားတိုက်ပြီး သွားကြားထိုးကြိုး ထိုးရပါမယ်။ သွားကြိတ်တာကြောင့် သွားတွေနဲ့ မေးရိုးတွေနာနေရင် ညဘက်မှာ သွားအစွပ် (Mouth guard) စွပ်ပြီး အိပ်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top