Healthy Life Ad
Life Style

အောင်မြင်လိုသူတိုင်း လိုက်နာသင့်သော နည်းလမ်းကောင်းများ

၊ ကိုမိုး ၊

ဘယ်သူမဆို အောင်မြင်မှုက စောင့်ဆိုင်းနေတာ မဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ အောင်မြင်သူတိုင်းက ကျရှုံးမှုကို တစ်ကြိမ်မက ကြုံဆုံခဲ့ဖူးကြမှာပါ။ ဘယ်လိုပဲ ကျရှုံးခဲ့ပါစေ၊ သင့်မှာ စိတ်ရှည်ပြီး ဇွဲ၊ လုံ့လသာ ရှိမယ်ဆိုရင် အောင်မြင်မှု ရရှိပါလိမ့်မယ်။

– စိတ်ပါဝင်စားစွာ လုပ်ပါ
အလုပ်လုပ်တဲ့အခါ စိတ်ရော ကိုယ်ပါ နှစ်ပြီး ပျော်ရွှင်စွာ လုပ်ဆောင်ပါ။ ဒါဆိုရင် အလုပ်လုပ်ရတာ ပင်ပန်းတယ်လို့ မထင်ဘဲ အဆင်ပြေချောမွေ့ သွားပါလိမ့်မယ်။

– စေတနာထားပါ
ဘာကိုပဲလုပ်လုပ် စေတနာထားပါ။ စေတနာဆိုတာ ဘယ်တော့မဆို ရောင်ပြန်ဟပ်ပါတယ်။ စိတ် စေတနာကောင်းထားပြီး လုပ်တဲ့ အလုပ်ကြောင့် တူသောအကျိုးအနေနဲ့ အောင်မြင်မှု ရရှိမှာ မလွဲမသွေ ဖြစ်ပါတယ်။

– အတိတ်မှ ရုန်းထပါ
အတိတ်ကာလတုန်းက အောင်မြင်ခဲ့တာ၊ ရှုံးနိမ့်ခဲ့တာတွေကို တွေးတောနေဖို့၊ ဆွေးမြေ့နေဖို့ အချိန် မရှိပါဘူး။ လက်ရှိကာလမှာပဲ ကြိုးစားပါ၊ ရုန်းထပါ။

– စာဖတ်ပါ
စာဖတ်တာက ဘဝအောင်မြင်မှု ရရှိစေတဲ့ အချက်ဖြစ်သလို ခွန်အားတိုးစေတဲ့ အရာလည်း ဖြစ်ပါတယ်။ စိတ်ဓာတ်ကျနေချိန်မှာ စိတ်ဓာတ်ကိုမြင့်တက်စေတဲ့ အကြောင်းလည်း ဖြစ်နေပါတယ်။

– အသစ်ကို ဖန်တီးပါ၊ လူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပါ
ကိုယ်လုပ်ချင်တာချည်း လုပ်ဆောင်နေလို့ မရပါဘူး။ လူတွေ ဘာလိုအပ်သလဲ ဆိုတဲ့ လိုအပ်ချက်ကို နားထောင်ပါ။ အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင် ဖို့ အားထုတ်ပါ။

– ကျေးဇူးတင်ပါ
လုပ်ငန်းက အနည်းငယ် အောင်မြင်လာခဲ့ရင်တောင် အဲဒါက ကိုယ်လုပ်လို့ဖြစ်တာဆိုပြီး မကြွေးကြော်ပါနဲ့။ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါ။ ဘဝင်မြင့်ပြီး အောက်ခြေလွတ်တာက ရှုံးနိမ့်မှု လက္ခဏာတစ်ရပ်ပါ။


(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top