Healthy Life Ad
Q & A

နေပူထဲသွားပြီး ခေါင်းကိုက်တယ် . . .

မေး. နေပူထဲသွားတဲ့အခါ ခေါင်းကိုက်လာပြီး မျက်ရိုးတွေပါ ကိုက်လာတတ်တယ်။ ဒါကြောင့် နေပူထဲသွားတဲ့အခါ ကျန်းမာရေးမထိခိုက်အောင် ဘယ်လိုဆင်ခြင်နေထိုင်သင့်ပါသလဲ ဆရာ။
ကိုထွန်း (FB)

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. နေပူထဲသွားရင် ခေါင်းကိုက်တာမျိုး ဖြစ်တတ်ကြပါတယ်။ နေပူထဲသွားပေမယ့် ခြောက်သွေ့တဲ့နေရာကိုသွားရင် ပိုဆိုးပါတယ်။ နေပူပေမယ့် စိုထိုင်းဆများတဲ့ နေရာမျိုးဆိုရင်တော့ သိပ်ပြီးမဖြစ်တတ်ပါဘူး။ အညာဘက်လို နေလည်းပူပြီး ပတ်ဝန်းကျင်ကလည်း ခြောက်ခြောက်သွေ့သွေ့ဖြစ်တဲ့ နေရာမှာ နေပူထဲသွားရင် ပိုဆိုးပါတယ်။ ပင်လယ်ကမ်းခြေမှာ နေပူထဲသွားတဲ့အခါ နေတော့ပူပေမယ့် ရေငွေ့တွေ ရှိနေတဲ့အတွက် သိပ်မဆိုးတတ်ပါဘူး။ နေပူထဲသွားပြီးကြာရင် ခေါင်းကိုက်တာက တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ပါဘူး။ နေရောင်ကိုခံနိုင်တဲ့သူနဲ့ မခံနိုင်တဲ့သူကတော့ ကွာပါတယ်။

တချို့ကတော့ နေရောင်တိုက်ရိုက်ထိတာကို မခံနိုင်တာလည်း ရှိပါတယ်။ နေရောင်ကို တိုက်ရိုက်ထိလွန်းရင် အရေပြားကင်ဆာ ဖြစ်တတ်ပါတယ်။ နေရောင် လုံးဝမထိဘဲနေရင်လည်း ဗီတာမင်ဒီချို့ယွင်းတတ်ပါတယ်။ နေပူထဲထွက်လို့ ခေါင်းကိုက်တတ်တယ်၊ မျက်ရိုးကိုက်တတ်တယ်ဆိုရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တို့ကို ဆောင်ထားဖို့လိုပါတယ်။ ချွေးထွက်များတဲ့သူတွေက တအားပူတဲ့ အချိန်တွေမှာ နေပူထဲမသွားလာသင့်ပါဘူး။ ချွေးထွက်များလွန်းရင် မူးလဲတဲ့အထိပါ ဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top