Healthy Life Ad
Health Tips

အရက်ဖြတ်နေသူတို့ အရက်သောက်ချင်စိတ်ပြင်းပြမှုကို လျော့ကျစေမည့် ချမိုမိုင်းလက်ဖက်ရည်

အရက်စွဲနေသူတွေ အရက်ပြတ်ချင်တယ်ဆိုရင် အရက်သောက်ချင်စိတ်ပြင်းပြမှုကို ကျော်လွှားနိုင်ရပါမယ်။ အရက်ကို အလွန်အကျွံသောက်သုံးတဲ့အတွက် အသည်းကိုထိခိုက်စေနိုင်ပါတယ်။ အရက်စွဲနေသူတွေအတွက် အရက်ကို အသင့်အတင့်ပဲသောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အခိုင်အမာချမှတ်လိုက်နာနိုင်ဖို့ မလွယ်ပါဘူး။ အရက်ဖြတ်ချိန်မှာ အရက်သောက်ချင်လွန်းတဲ့ စိတ်လျော့ကျစေဖို့ ချမိုမိုင်းလက်ဖက်ရည်ကြမ်းကို သောက်ရပါမယ်။

ချမိုမိုင်း(Chamomile)လက်ဖက်ရည်မှာ စိတ်အပန်းပြေစေတဲ့အာနိသင်နဲ့ စိတ်တည်ငြိမ်စေတဲ့အစွမ်းတို့ ပါရှိပါတယ်။ ဒါ့အပြင် သဘာဝ အနာကျက်ဂုဏ်သတ္တိပါရှိတာကြောင့် အစာခြေလမ်းကြောင်းစနစ်ကို သက်သာစေပြီး အရက်ဖြတ်ချိန်မှာ ခံစားရတတ်တဲ့ ပျို့ချင်အန်ချင်စိတ်ပေါ်တဲ့ ဝေဒနာကို လျော့ပါးစေပါတယ်။ ဒါ့အပြင် အရက်သောက်ချင်စိတ်ပြင်းပြမှု ကိုသိသိသာသာလျော့ကျစေပါတယ်။

အကြောင်းကတော့ ချမိုမိုင်း လက်ဖက်ရည်သောက်လိုက်ရင် အရက်သောက်ချင်လွန်းလို့ဖြစ်တဲ့ ကတုန်ကယင် ဝေဒနာကိုပါ သက်သာစေ လို့ပါ။ စိတ်တည်ငြိမ်စေပြီး စိတ်ဖိစီးမှု လျော့ကျသွားတဲ့အတွက် အရက်မသောက်ရမနေနိုင်တဲ့ စိတ်ဝေဒနာကို သက်သာသွားစေတာဖြစ်ပါတယ်။ ချမိုမိုင်းဆေးဖက်ဝင်အရွက်ခြောက်ကို ရေနွေးကြမ်းထဲ ထည့်နှပ်ပြီး နေ့စဉ်ပုံမှန်သောက်ပေးရင် စိတ်နဲ့ခန္ဓာအတွက် အကျိုးကျေးဇူးကောင်းတွေရရှိစေမှာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top