Healthy Life Ad
International

နေမကောင်းသည့်ယောကျာ်းကို ဆေးရုံပထမထပ်သို့ တရွတ်တိုက်ဆွဲခေါ်ခဲ့ရသော အမျိုးသမီး

၊ မိုးမင်းထွန်း ၊

အိန္ဒိယအရှေ့ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ ဇနီးဖြစ်သူက ယောကျာ်းဖြစ်သူကို တရွတ်တိုက်ဆွဲခေါ်ကာ ဆေးရုံပထမထပ်သို့ ပို့ဆောင်ခဲ့ရတဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ အမျိုးသားဖြစ်သူ ချာရီက အစာအိမ်နဲ့အူရောင်ရမ်းတာကြောင့် ဇနီးဖြစ်သူ ဗာနီနဲ့အတူ ဆေးရုံသို့သွားရောက်ခဲ့ပါတယ်။ ဗာနီက လူနာတင်လှည်း ဒါမှမဟုတ် ဘီးတပ်ကုလားထိုင်တစ်ခုပေးဖို့ ဆေးရုံဝန်ထမ်းတွေကို တောင်းဆိုခဲ့ပါတယ်။ ဆေးရုံမှာ ဘာတစ်ခုမှမရှိကြောင်း အကြောင်းပြန်ခဲ့ပါတယ်။

မခံမရပ်နိုင်ဗိုက်အောင့်နေတာကြောင့် လမ်းတောင်မလျှောက်နိုင်တော့တဲ့ခင်ပွန်းဖြစ်သူကို စိတ်ပူတဲ့ဗာနီက တရွတ်တိုက်ဆွဲခေါ်ကာ ဆေးရုံပထမထပ်ကိုပို့ဆောင်ခဲ့ပါတယ်။ လူတွေက အနီးအနားမှာ ရပ်ကြည့်နေခဲ့ပြီး ဘယ်သူမှ အကူအညီမပေးခဲ့ကြပါဘူး။ ဒီဖြစ်စဉ်ကို ကြည့်ရှုသူတစ်ယောက်က ဗီဒီယိုမှတ်တမ်းတင်ခဲ့ပြီး အင်တာနက်မှာတင်လိုက်တာကြောင့် လူသိများသွားခဲ့ကာ ဆေးရုံကိုဝေဖန်မှုတွေ မြင့်တက်သွားခဲ့ပါတယ်။

ဆေးရုံအုပ်ချုပ်ရေးအရာရှိ ဒေါက်တာမာလီခါဂျန်က ဒီဖြစ်ရပ်ကိုစစ်ဆေးကာ လူမဆန်တဲ့အပြုအမူကိုပြုလုပ်တဲ့ တာဝန်ရှိသူတွေကို ဆေးရုံစည်းကမ်းအရ အရေးယူသွားမယ်လို့ပြောပါတယ်။ သူကိုယ်တိုင်တောင် အင်တာနက်ကတစ်ဆင့် ဖြစ်ရပ်ကို သိခွင့်ရခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top