Healthy Life Ad
Health Tips

COVID 19 နှင့်ပတ်သက်ပြီး ပြည်သူ့ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထားမှု

ပါမောက္ခဦးသိန်းမြင့် ပါမောက္ခ၊ ဌာနမှူး၊ မကွေးဆေးတက္ကသိုလ် ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး ဖြေကြားသည်။

Q. ကမ္ဘာ့နိုင်ငံအများစုမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေထဲမှာ အခြေခံရောဂါရှိသူဦးရေက များတယ်ဆိုတော့ အကယ်၍ သံသယလူနာရောက်လာခဲ့ရင် ဆရာတို့ဆေးရုံမှာ ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါသလဲ ဆရာ။

A. COVID 19 နဲ့ ပါတ်သက်လို့ ပြည်သူ့ဆေးရုံတွေမှာ ကြိုတင်ပြင်ဆင်ထားမှုတွေ ရှိပါတယ်။ သံသယလူနာတစ်ယောက်ကိုတွေ့လျှင် ရှေ့ဆက်ဆောင်ရွက်ရန် လမ်းညွှန်ချက်များ၊ လူနာအားထားရှိကုသရန် သီးခြားနေရာများ၊ သက်ဆိုင်ရာကူးစက်ရောဂါ ကာကွယ်ထိန်းသိမ်းရေးအတွက် သတင်းပေးပို့ရန်၊ လိုအပ်ပါက ကူးစက်ရောဂါ အထူးကုဌာနနှင့် တိုက်ရိုက်ချိတ်ဆက် အကြံဉာဏ်တောင်းခံနိ်ုင်သည့် ဆက်သွယ်မှုလမ်းကြောင်းများ ဖော်ဆောင်ထားရှိပြီး ဖြစ်ပါတယ်။ ဆေးရုံအသီးသီးမှာ COVID 19 ဝေဒနာရှင်အတွက် အရေးပေါ်အသုံးပြုရန် ကာကွယ်ရေးဝတ်စုံများ၊ အထောက်အကူပြု ဆေးဝါးများလည်း အထိုက်အလျောက် ကြိုတင်ပြင်ဆင်ထားမှုတွေ ရှိပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးမှုနိမ့်ကျနေသေးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အတွက် ချမ်းသာတဲ့ နိုင်ငံတွေရဲ့ ပြင်ဆင်ထားရှိမှု စံနှုံးတွေနဲ့တော့ နေရာတိုင်းမှာ လိုက်လံချိန်ထိုးလို့ မရနိုင်ပါဘူး။ ရှိတဲ့ကျန်းမာရေး အသုံးစားရိတ်နဲ့ ရနိ်ုင်သလောက်ကိုတော့ ကြိုတင်ပြင်ဆင်ထားရှိရတာ ဖြစ်ပါတယ်။ ရန်ကုန်မှ အချို့ပုဂ္ဂလိက ဆေးရုံများတွင် ဆေးရုံတွင်းမဝင်မီ လူတိုင်းကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အကယ်၍ ကိုယ်အပူချိန်မြင့်တက်နေပါက သီးခြားလမ်းကြောင်းမှတစ်ဆင့် လိုအပ်သလို ဆက်လက်စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ထားရှိလာတာ တွေ့ရပါတယ်။

အဓိကအကျဆုံးကတော့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ကူညီမှုပါ။ အရေးကြီးတဲ့ သတင်းအချက်အလက်ဖြစ်တဲ့ ခရီးသွားရာဇဝင်ကို ထိန်ချန်ထားခြင်း၊ မိမိတွင် ရောဂါလက္ခဏာများရှိလျှက်နှင့် လူထူထပ်ရာနေရာများသွားခြင်း၊ ခရီးထွက်ခြင်းတို့ကို ပြုလုပ်ပါက မိမိ၏မိသားစုသာမက အခြားသောအပြစ်မဲ့ လူသားထုတစ်ရပ်လုံးအပေါ် မကောင်းမှုကျူးလွန်ရာရောက်မှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top