Healthy Life Ad
Health Tips

ဆရာဝန်အများစု သတိပေးဆင်ခြင် ခိုင်းလေ့ရှိသော ကျန်းမာရေး အလေ့အထဆိုးများ

ကျန်းမာရေးအတွက် မကောင်းတဲ့အလေ့အထတွေအနက် ဆရာဝန်အများစုက အောက် ပါအလေ့အထဆိုးတွေကိုရှောင်ကြဉ်ဖို့သတိပေးလေ့ရှိပါတယ်။ အဲဒါတွေကတော့-

(၁) ဆေးလိပ်သောက်တာ၊

(၂) တာရှည် ဒေါသထွက်တာ၊ စိတ်ဖိစီးမှုများတာ ဒါမှမဟုတ် ပူပင်သောကများတာ၊

(၃) အိမ်နဲ့ အလုပ်မှာ ဒါမှမဟုတ် အိမ်ထောင်ရေးမှာ အဆင်မပြေတာ၊

(၄) ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အထမရှိဘဲ အထိုင်များလွန်းတာ၊

(၅) အရက်ကို သောက်သင့်တဲ့အတိုင်းအတာထက် ပိုသောက်တာ၊

(၆) ဆေးလိပ်သောက်သူတွေနဲ့ ပေါင်းသင်းနေထိုင်တာ၊

(၇) ညတိုင်းလိုလို အိပ်ပျော်အောင် အိပ်ဆေးသောက်တာ၊

(ဂ) နေ့တိုင်း သကြားကဲတဲ့အရည်တွေနဲ့ သကြားများတဲ့ မုန့်တွေကို စားတာ၊

(၉) ကယ်လိုရီ၊ အဆီ၊ ဆားစတာတွေများတဲ့ အဆင့်သင့်စာတွေ အစားများတာ

(၁၀) နံနက်စာ မစားဘဲ နေတာ၊

(၁၁) သွားနဲ့ခံတွင်းကျန်းမာရေးကို အလေးမထားတာ(သွားကို ဂရုမစိုက်တာဟာ သွားဖုံးရောဂါကိုဖြစ်စေပြီး အဲဒါနဲ့ ဆက်စပ်ကာ တာရှည်ရောင်ရမ်းပြီး ဆီးချို သွေးချိုရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါတို့ကို ဖြစ်လာစေနိုင်ပါတယ်။)

(၁၂) အကြွေးများများတင်တာ၊

(၁၃) ကော်ဖီများများသောက်တာ၊

(၁၄) စိတ်ဖိစီးမှုများလောက်အောင် ဘေးပတ်ဝန်းကျင်က တွန်းအားပေးနေတာ၊

(၁၅) အားလပ်ရက်အပန်းဖြေခရီး မသွားတာ၊

(၁၆) အလုပ်စွဲနေတာ စတာတွေ ဖြစ်ကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top