Healthy Life Ad
Child

သင့်ကလေးငယ် ကားမူးတဲ့ဝေဒနာ ဖြစ်တတ်လျှင်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

လမ်းလျှောက်တတ်ခါစ ကလေးအများစုက ကားစီးခါစမှာ ကားမူးတာ အဖြစ်များပါတယ်။ က လေးငယ်က ကားမူးပြီး အန်တတ်လွန်းလို့ ကလေးငယ်နဲ့အတူ ခရီးသွားတိုင်း စိုးရိမ်နေပါသလား။ ခရီး မသွားခင်မှာ ကလေးငယ်ရဲ့ ကားမူးတဲ့ဝေဒနာ သက်သာစေဖို့ လိုက်နာသင့်တဲ့အချက်တွေကို ဖော် ပြပေးလိုက်ပါတယ်။

(၁) ကလေးကို ဂရုစိုက်ပြီး အစာကျွေးပါ
ကားမူးတတ်တဲ့ ကလေးတွေဟာ ကားမစီးခင် ဗိုက်မပြည့်လွန်း၊ မဟာလွန်းမဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ခရီးမသွားခင်မှာ ကလေးတွေကို အစာနည်းနည်းကျွေးပါ။ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းပါဝင်မှုများတဲ့ အစားအစာကို ကျွေးဖို့လိုပြီး ဆီကြော်စာ၊ အက်စစ်များတဲ့ အစာနဲ့ အာလူးချောင်းကြော်လို အစာတွေကို လုံးဝမကျွေးသင့်ပါ။ ကားပေါ်မှာ ကလေးငယ်ကို ပေါင်မုန့်၊ ခရက်ကာမုန့် စတာတွေနဲ့ လတ်ဆတ်တဲ့ သစ်သီးတွေကို ကျွေးပါ။ ရေကိုလည်း မကြာခဏ တိုက်ပါ။

(၂) အနားယူခိုင်းပါ
ကလေးတွေမှာ ကားမူးတာကို ကာကွယ်နိုင်ဖို့ အတွက် အနားယူခိုင်းတာက အကောင်းဆုံးဆေးတစ်လက်ပါ။ လမ်းတစ်လျှောက်မှာ ကလေးကားမူး သက်သာအောင်အိပ်ရေးဝ၀အိပ်ခိုင်းပါ။ အိပ်မပျော်ရင်တောင် မျက်လုံးကိုမှိတ်ပြီး နားဖို့ပြောပါ။ ခရီးရှည်သွားတယ်ဆိုရင် မကြာခဏ တစ်ရေးအိပ်ခိုင်းပေးမှသာ ကားမူးသက်သာမှာ ဖြစ်ပါတယ်။

(၃) ကလေးကို ပြတင်းပေါက်နားမှာ ထိုင်ခိုင်းပါ
ကားမူးနေတဲ့ ကလေးကို ပြတင်းပေါက်နားမှာ ထိုင်ခိုင်းပြီး လတ်ဆတ်တဲ့ လေကောင်းလေသန့်ကို ရှူရှိုက်ခိုင်းပါ။ လေကောင်းလေသန့်ကို ရှူရှိုက်ပေးမှသာ ကလေးဟာ ကားမူးပြေမှာဖြစ်ပါတယ်။ ကလေးရဲ့ အာရုံပြောင်းအောင် အေ၊ ဘီ၊ စီ၊ဒီ ရွတ်ခိုင်းတာမျိုး၊ ကကြီး၊ခကွေးဆိုခိုင်းတာမျိုး လုပ်ပေးပါ။

(၄) ကလေးအတွက် အသုံးအဆောင်အိတ်ကို အလွယ်တကူထားရှိပါ
ကလေးအတွက် အဝတ်လဲပေးဖို့နဲ့ ချမ်းရင် စောင်ခြုံပေးနိုင်ဖို့ အဝတ်အစား တစ်စုံ၊ စောင်၊ လက်သုတ်ဝတ်၊ တစ်သျှူး၊ လက်ဆေးဆပ်ပြာရည်၊ ဆေးဝါးနဲ့ မုန့်စတာတွေကို အိတ်တစ်လုံးထဲမှာ ထည့်ထားပြီး အနားမှာ ယူထားပါ။ ကလေးအန်ရင် အဆင်သင့်ဖြစ်အောင် စက္ကူအိတ်တွေကိုလည်း ဆောင်ထားပါ။

(၅) ဆရာဝန်ကို ပြောပြီး အကူအညီ တောင်းပါ
လမ်းလျှောက်တတ်ခါစ ကလေးငယ်ရဲ့ ကားမူးဝေဒနာက ပြင်းထန်ဖူးတယ်ဆိုရင် ခရီးမသွားခင်ကတည်းက ဆရာဝန်နဲ့ တိုင်ပင်ပြီး ကားမမူးအောင် ကာကွယ်နိုင်မယ့် ဆေးဝါးတွေကို မေးမြန်းပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top