Healthy Life Ad
Life Style

အများကြားမှာ ထူးခြားစွာပေါ်လွင်စေမည့် တောက်ပသောအရောင်သုံးမျိုး

၊ လရိပ်မေ ၊

အပေါင်းအသင်းတွေကြားထဲ ပေါ်လွင်ထင်ရှားနေစေဖို့ အဝတ်အစားအရောင်ကလည်း အရေးပါပါတယ်။


– အဖြူရောင်

အဖြူရောင်ဟာ “ငါ့ဘဝက အများသူငါသွားလာတဲ့လမ်းကို ဖြတ်နေစရာမလိုဘူး။ အိမ်နီးချင်းတွေက ငါသွားမယ့်လမ်းကို ဆပ်ပြာနဲ့ ဆေးကြောပေးထားတယ်”ဆိုတဲ့သဘောမျိုးကို ရှင်းသန့်နေပါတယ်။ အဖြူရောင်ဝတ်စုံကို ကိုယ်လုံးပြည့်ဝတ်ထားပြီး လက်ဝတ်လက်စားကို အနက်ရောင် ဒါမှမဟုတ် ကာကီရောင်ဆင်မြန်းလိုက်ပါ။ အဖြူဝတ်စုံနဲ့ လူထူထူကြားထဲ ရပ်နေရင်တောင် ရဲရင့်ပြီး စတိုင်ကျတဲ့အသွင်က ထင်ရှားပေါ်လွင်နေမှာဖြစ်ပါတယ်။


– အနီရောင်

အနီရောင်က သက်သောင့်သက်သာရှိပြီး ဇိမ်ကျတာကိုဖော်ညွှန်းနေပါတယ်။ ရဲရင့်ဝံ့ကြွားတဲ့ မိန်းမတစ်ဦးအဖြစ် ဆွဲဆောင်မှုရှိနေမှာပါ။ အနီရောင်ဝတ်စုံဝတ်တဲ့အခါ ဆံပင်၊ အသားအရေနဲ့ မိတ်ကပ်ကိုတော့ သေချာပြင်ဆင်ဖို့လိုပါလိမ့်မယ်။ အနီနဲ့အနက်တွဲတာထက် အနီနဲ့အညိုရောင်တွဲတာမျိုး အနီနဲ့ခရင်မ်ရောင်တွဲတာမျိုးက ပိုပြီးဝင့်ထည်ပါတယ်။ အနီရောင် နှုတ်ခမ်းနီဆိုးတာက သင့်ဝတ်စုံကိုကြည့်ကောင်းစေပေမယ့် အလွန်အကြူးပြင်ဆင်ရာ ရောက်နိုင်ပါတယ်။ ပန်းရောင်ဖျော့ဖျော့ အပြင်အဆင်နဲ့တွဲဖက်တာကလည်း စတိုင်ကျစေပါတယ်။


– အပြာရင့်ရင့်

အပြာရင့်ရင့်ဟာ ကျက်သရေရှိမှုနဲ့ တည်ငြိမ်ရင့်ကျက်မှုတွေကို ဖော်ဆောင်နေပါတယ်။ အနီရောင်၊ အဖြူရောင်တွေနဲ့ မတူတာက အပြာရင့်ရင့်ဝတ်စုံဟာ အညိုနုရောင်ကုတ်အင်္ကျီနဲ့ လိုက်ဖက်ကြည့်ကောင်းနေတာပါပဲ။ အပြာရင့်ရင့်ဝတ်စုံ ဝတ်ထားရင် သင့်ကို ပိုမိုသွယ်လျကြည့်ကောင်းစေမှာ ဖြစ်ပါတယ်။ အနီနဲ့အဖြူရောင် လက်ဝတ်လက်စားတွေနဲ့ တွဲဖက်ဆင်မြန်းသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top