Healthy Life Ad
International

၁၇ထပ်အမြင့်အဆောက်အအုံပေါ်ဆဲလ်ဖီ တက်ရိုက်သည့် ၁၂ နှစ်အရွယ်မိန်းကလေး လိမ့်ကျသေဆုံး

၊ မိုးမင်းထွန်း ၊

အသက် ၁၂ နှစ်အရွယ် ရုရှားအမျိုးသမီးငယ် အော့ဆန်နာဘီဟာ ၁၇ထပ်မြင့်အဆောက်အအုံအစွန်းထိ သွားရောက် ဆဲလ်ဖီ (Selfie မိမိကိုယ်ကို ဓာတ်ပုံရိုက်)ရိုက်ကူးရင်း မတော်တဆလိမ့်ကျ သေဆုံးခဲ့ပါတယ်။ သူက ဆဲလ်ဖီရိုက်နေရင်း အချစ်ဆုံး သူငယ်ချင်းဆီ ဓာတ်ပုံတွေပို့နေပါသေးတယ်။ မကြာခင်မှာ ဟန်ချက်ပျက်ကာ လိမ့်ကျသေဆုံးသွားတာ ဖြစ်ပါတယ်။

အော့ဆန်နာက လမ်းထွက်လျှောက်ကာ ဓာတ်ပုံသွားရောက်ရိုက်မယ်လို့ သူ့မိခင်ကို အသိပေးသွားခဲ့ပါတယ်။ သူရဲ့အလောင်းကို လမ်းသွားလမ်းလာတစ်ယောက်ကတွေ့ရှိကာ ရဲကိုအကြောင်းကြားခဲ့ပါတယ်။ အန္တရာယ်ရှိတဲ့ အစွန်းထိသွားရောက်ကာ စွန့်စားတဲ့ ဓာတ်ပုံရိုက်တာကြောင့် ဟန်ချက်ပျက်ကာ လိမ့်ကျ ခဲ့တာဖြစ်ကြောင်း ရဲတွေရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အော့ဆန်နာရဲ့ဦးလေးဖြစ်သူက သူကလိမ္မာတဲ့ ကျောင်းသူတစ်ယောက်ဖြစ်ပြီး ကျောင်းမှာ ဘာပြဿနာမှမရှိကြောင်း ပြောပါတယ်။ အကသင်တန်းတွေ၊ အင်္ဂလိပ်အတန်းတွေ တက်ရောက်ပြီး ပုံမှန်ကျောင်းသူတစ်ယောက်လို့ ဆိုပါတယ်။ လူ့ဘဝ သက်တမ်းဆက်ဖို့ အများကြီးကျန်သေးပေမယ့် လူမှု မီဒီယာတွေမှာ စတန့်ထွင်ဓာတ်ပုံတင်ချင်ဇောနဲ့ အခု လိုသေဆုံးသွားရတယ်လို့ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top