Healthy Life Ad
Q & A

လက်သည်းဘေး အရေပြား အစွန်းထွက်ခြင်း . . .

မေး. လက်သည်းဘေး အရေပြားလေးတွေ အစွန်းထွက်တာက ဘာကြောင့်ပါလဲရှင့်။ အဲဒီလို အစွန်းလေးတွေ ထွက်နေတော့ အဆင်မပြေလို့ပါ။
မြသင်းကြူ၊ ကျောက်တံတား။

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. လက်သည်းဘေး အရေပြားလေးတွေ အစွန်းထွက်တာနဲ့ ကျူတီကယ် ဆက်စပ်နေပါတယ်။ ကျူ တီကယ်လို့ခေါ်တဲ့ အလွှာလေးက လခြမ်းပုံရှိပြီး၊ လက်သည်းခွံကို ဖုံးထား၊ ကာကွယ်ထားပါတယ်။ ဖြစ်စေတဲ့ အကြောင်းတွေက လက်သည်းညှပ်ရာမှာ လက်သည်းဘေးတွေကို ဖိညှပ်တာကြောင့် ဖြစ်စေတယ်။ လက်သည်းအစွန်းတွေ ထွက်နေတာ၊ ဆောင်းရာသီ အရေပြားခြောက်သွေ့တာတွေကြောင့် ပိုးဝင်တတ်ပါတယ်။ လက်သည်းပန်းကုံး ရောင်ရမ်းတတ်ပါတယ်။

ဒီလိုဖြစ်ရင် သက်သာအောင် ပိုးသေဆေး လိမ်းဆေးလိမ်းရပါမယ်။ အရေပြားထိန်းခရင်မ်တွေ လိမ်းရမယ်။ တစ်နေ့ နှစ်ကြိမ်-သုံးကြိမ်ခန့် လိမ်းရပါမယ်။ လက်သည်းအောက်ခြေကို ပိုးမဝင်အောင် ကာကွယ်ရမယ်။ လက်သည်းနား အရေပြားတွေ အစွန်းထွက်နေရင် သန့်ရှင်းတဲ့ လက်သည်းညှပ်နဲ့ ညှပ်ပေးရပါမယ်။ လက်သည်းကိုက်တတ်တဲ့ အကျင့်ကို ဖျောက်ရပါမယ်။

ကယ်လ်စီယမ်၊ သံဓာတ်၊ ဗီတာမင် ဘီတို့ ပါဝင်တဲ့ အစားအစာတွေ စားရမယ်။ ရေလုံလောက်အောင် သောက်ရမယ်။ လုပ်သင့်တဲ့ အလုပ်တွေကတော့ လက်သည်းကို ရေနွေးလေးနဲ့စိမ်ပြီး လက်သည်းကို မှန်မှန်ညှပ်ရမယ်။ ရေနဲ့ဆပ်ပြာကိုင်ရင် လက်အိတ်ဝတ်သင့်တယ်။ ထွက်နေတဲ့ အစွန်းလေးတွေရဲ့ အောက်ခြေကနေ လက်သည်းညှပ် ဒါမှမဟုတ် ကတ်ကြေး သေးသေးထက်ထက်လေးနဲ့ သေသေချာချာ ညှပ်ရမယ်။ အောက်ခံအရေပြားပါတာမျိုး၊ လက်သည်းပါတာမျိုးမဖြစ်အောင် သတိထားရမယ်။

မလုပ်သင့်တာကတော့ လက်သည်းဘေး အရေပြား အစွန်းထွက်နေတာကို ကိုက်တာ၊ ဆွဲဖဲ့လှန်တာမျိုး မလုပ်သင့်ပါဘူး။ အစမိတာနဲ ့ ညှပ်ရမယ်။ လက်သည်းဖျက်ဆေးတွေ မထိသင့်ဘူး။ ဆေးပလာစတာ ကပ်ထားသင့်တယ်။ လက်သည်းကိုက်တတ်၊ ဖဲ့တတ်ရင် ပိုဆိုးတတ်တယ်။ အဝတ်စတွေနဲ့ ငြိနေတတ်တယ်၊ နာတတ်တယ်၊ ပိုဆိုးတတ်တယ်။ သွေးထွက်တတ်တယ်။ ပိုးဝင်တတ်တယ်။ ပြည်တည်နာဖြစ်တတ်တယ်။ နီလာ၊ ညိုလာတတ်တယ်။ သွေးထွက်တာနဲ့ ပဋိဇီဝပိုးသတ်ဆေးလိမ်းရမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top