Healthy Life Ad
International

ခွေးအတိုက်ခိုက်ခံရ၍ နားတစ်ဖက်နှင့်မေးရိုးမရှိတော့သည့် အီသီယိုးပီးယား ကလေးငယ်၊ ပလတ်စတစ်ခွဲစိတ်ဆရာဝန်များကြောင့် သက်သာလာ

၊ မိုးမင်းထွန်း ၊

အသက် ၅ နှစ်အရွယ် အီသီယိုးပီးယားကလေးငယ် အဘယ်လ်က အိမ်ပြင်မှာကစားနေရင်း ခွေးအတိုက်ခိုက်ခံရပါတယ်။ ကလေးအချင်းချင်း ရန်ဖြစ်နေတာလို့ သူ့မိခင်က အစပိုင်းမှာ ထင်ခဲ့ပါသေးတယ်။နောက်ပိုင်းမှာ အိမ်ပြင်ထွက်ကာ သားကိုလိုက်ရှာရင်း ခွေးအတွေလက်ကနေ ကလေးကို ကယ်တင်နိုင်ခဲ့ပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် အဘယ်လ်မှာ နားတစ်ဖက်နဲ့ မေးရိုးဆုံးရှုံးသွားပြီး မျက်နှာမှာ ဒဏ်ရာပြင်း ပြင်းထန်ထန်ရရှိခဲ့ပါတယ်။ အရေးပေါ်ဆေးရုံတင်ခဲ့ရပြီး သတိလစ်နေတဲ့ကလေးကို ဆရာဝန်တွေက သတိပြန်လည်လာအောင် ပြုလုပ်ပေးခဲ့ရပါတယ်။အောက်မေးရိုးနဲ့ ကြွက်သားတွေ ဆုတ်ပြဲသွားကာ လေပြွန်ပိတ်မှာစိုးရိမ်ရတာကြောင့် အသက်ရှူလမ်းကြောင်းပွင့်အောင် သတ္တုပြားအသေးတစ်ခုထည့်သွင်းတဲ့ အရေးပေါ်ခွဲစိတ်မှု ပြုလုပ်ခဲ့ရပါတယ်။

အခြေအနေဆိုးတာကြောင့် အသက်ရှင်ဖို့ ၁၀ ရာခိုင်နှုန်းလောက်သာရှိမယ်လို့ ဆရာဝန်တွေက တွက်ဆခဲ့ပေမယ့် အထူးကုသဆောင်မှာ ၅လနီးပါး ကြာပြီးနောက်မှာ ကလေးရဲ့အခြေအနေဟာကောင်း မွန်လာခဲ့ပါတယ်။ အာဖရိကပရဟိတအဖွဲ့တစ်ခုမှ စေတနာ့ဝန်ထမ်းဆရာဝန်တွေက အဘယ်လ်ရဲ့ပုံ ပျက်နေတဲ့မျက်နှာကို ပြန်လည်ပြုပြင်ပေးခဲ့ကြပါတယ်။ မေးရိုးပြန်လည်ဖွဲ့စည်းဖို့အတွက် ကလေးရဲ့ ခြေထောက်အောက်ပိုင်းမှ အရေပြားနဲ့ အရိုးကိုယူကာ ခွဲစိတ်ပြုပြင်ပေးခဲ့ပါတယ်။

ခွဲစိတ်ပြီး ရက်အနည်းငယ်အကြာမှာ အဘယ်လ်ရဲ့မေးရိုးအသစ်က လှုပ်ရှားလာနိုင်ခဲ့ပါတယ်။ လေးလကြာပြီးနောက်မှာ ကလေးဟာ သူငယ်ချင်းတွေနဲ့တောင် ဆော့ကစားနေပြီဖြစ်ပါတယ်။အနာတွေကျက်နေပြီဖြစ်တဲ့အပြင် စကားတောင် ပြောလာနိုင်နေပြီဖြစ်ပါတယ်။ မေးရိုးအသစ်ရဲ့ လုပ်ဆောင်ချက်တိုးတက်ဖို့ နောက်ထပ်ခွဲစိတ်မှုတွေ လုပ်ရဖို့ ရှိသေးကြောင်းလည်းသိရပါတယ်။

(Ref; SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top