Healthy Life Ad
International

ကလေးကို ဆေးရုံတွင် ၄ နှစ်ကြာ စွန့်ပစ်ခဲ့သည့် စုံတွဲ အမှုရှုံးပြီးနောက် ပြန်လည်ခေါ်ဆောင်

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ ကလေးငယ်တစ်ယောက်ဟာ မွေးရာပါနှလုံးရောဂါနဲ့ မွေးဖွားခဲ့ပြီး အသက် ၁၁ လ သားအရွယ်မှာ ဘီဂျင်းက ဆေးရုံတစ်ရုံမှာ ခွဲစိတ် ကုသခံခဲ့ပါတယ်။ ခွဲစိတ်မှုက အောင်မြင်ခဲ့ပေမယ့် မကြာခင် ကလေးမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိလာခဲ့ပါတယ်။ မိဘတွေက ခွဲစိတ်မှုကြောင့် ဒီလိုဖြစ်ရတာဆိုပြီး ဆေးရုံကို အပြစ်တင်ခဲ့တဲ့အပြင် လုံးဝနေကောင်းမှ ကလေးကိုပြန်ခေါ်နိုင် မယ်ဆိုပြီးအိမ်ပြန်သွားခဲ့ကြပါတယ်။ ဒီလိုနဲ့ ကလေးငယ်ဟာ ဆေးရုံမှာ စား၊ ဆေးရုံမှာ ကစားကာ ဆေးရုံကို အိမ်လုပ်နေခဲ့ရပါတယ်။ အရုပ်ပုံမှန်ဝယ်ပေးတဲ့ သူနာပြုတွေကို “အမေ”လို့တောင် ခေါ်နေခဲ့ပါတယ်။

လေးနှစ်ကြာမြင့်ခဲ့ပြီးနောက် ကလေးပြုစုစရိတ် တရုတ်ယွမ်ငွေ ၈၀ဝ၀ဝကုန်ကျခဲ့တာကြောင့် နောက်ဆုံးမှာ မိဘတွေကို ဆေးရုံက တရားစွဲခဲ့ပါတယ်။ တရားရုံးက ဆေးရုံကိုအနိုင်ပေးခဲ့ပြီး ကလေးကိုပြန် ခေါ်ကာ ဆေးရုံအတွက် ကုန်ကျစရိတ်ကျခံဖို့အမိန့်ချ မှတ်ခဲ့ပါတယ်။ မိဘတွေက သူတို့အရပ်မှာ ခြောက် သွေ့ပူပြင်းတာကြောင့် ကလေးငယ်အသက်မရှည်နိုင်မှာစိုးရိမ်တဲ့အပြင် ကလေးကို ရေရှည်ပြုစုစရိတ် မတတ်နိုင်ဘူးလို့ အကြောင်းပြခဲ့ပါတယ်။

ပထမပိုင်းမှာ တရားရုံးကို အာခံခဲ့ကာ ကလေးကို ပြန်မခေါ်ခဲ့တာကြောင့် ထောင်ရက်အနည်းငယ် ကျပြီးနောက်မှာတော့ စီရင်ချက်ကို လက်ခံခဲ့ရပါတယ်။ ကလေးကို ပြန်ခေါ်တဲ့အချိန်မှာ အမေခေါ်ဖို့ ပြောပေမယ့် အန်တီလို့သာ ခေါ်နေကြောင်း သတင်းတွေအရ သိရပါတယ်။

(Ref; SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top