Healthy Life Ad
Life Style

အလှကုန်သုံးစွဲသူတို့ သိထားသင့်သည့် အလှကုန်ပစ္စည်း အတုအပအန္တရာယ်များ

မြန်မာနိုင်ငံ အလှကုန်အသင်း၏ Professional Development, Education & Competition Affairs Committee မှ ကြီးမှူးကျင်းပသည့် အဌမအကြိမ်မြောက် အသိပညာပေးဆွေးနွေးဟောပြောပွဲကို ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ခန်းမတွင် ပြုလုပ်ကျင်း ပခဲ့ရာ အသင်း၏ အလှအပရေးရာ အထူးအကြံပေး မဝင်းမင်းသန်း (Yangon In My Heart)က အလှကုန် ပစ္စည်းအတုအပအန္တရာယ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့သဖြင့် အများပြည်သူအကျိုးရှိစေရန် ဆွေးနွေးချက်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
_ _ _

အခုနောက်ပိုင်းမှာမြန်မာလူမျိုးတွေက အလှကုန်ပစ္စည်းတွေကို ပိုပြီး စိတ်ဝင်စားလာကြပါတယ်။ လူတွေရဲ့လိုချင်တပ်မက်မှုတွေကို မသမာတဲ့သူတွေက သိလာကြတယ်။ အဲဒါကြောင့် တကယ့် ပစ္စည်းအစစ်အမှန်တွေလို ပုံစံဆင်တူယိုးမှားပြုလုပ်ပြီး အလှကုန်ပစ္စည်းအတုအပတွေကို ပြုလုပ်လာကြတာ တွေ့ရပါတယ်။ သုံးစွဲတဲ့သူတွေက ဒါတွေကိုမသိလို့ သုံးစွဲမိတာရှိတယ်၊ တချို့ကျတော့လည်း သိရဲ့သားနဲ့ သုံးစွဲမိတာရှိလိမ့်မယ်။ ကိုယ်သုံးတဲ့ အလှကုန်ပစ္စည်း စစ်မှန်မှု၊ မစစ်မှန်မှုကို သေသေချာချာဂရုတစိုက်လေ့လာပြီး ဝယ်ယူစေချင်ပါတယ်။ အလှကုန်အတုတွေသုံးစွဲမိလို့ တကယ် တမ်းနစ်နာရင် သုံးစွဲသူပဲ နစ်နာမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ပစ္စည်းဆိုတာ ဈေးကြီးတာ၊ မကြီးတာထက် ကိုယ်နဲ့လက်လှမ်းမီတဲ့ နေရာမှာရှိတဲ့ အလှကုန်တွေကို ရွေးချယ်သင့်ပါတယ်။

အလှကုန်ပစ္စည်းရဲ့ သက်တမ်းကုန်ဆုံးမှုကိုလည်း ဂရုစိုက်ရမယ်။ တချို့တွေကတော့ ပစ္စည်းအစစ်အမှန်ကို ဝယ်သုံးပါရဲ့၊ အိုင်းရှဲဒိုးတို့ မက်စ်ကာရာတို့ကို နှစ်ချို့တဲ့ အထိ သုံးနေတာမျိုး တွေ့ဖူးပါတယ်။ မိတ်ကပ်တွေထဲမှာ အိုင်းရှဲဒိုးဆိုတာ သက်တမ်းအကြာဆုံးခံတဲ့အရာ . . သူ့ သက်တမ်းက နှစ်နှစ်ရှိပါတယ်။ နှုတ်ခမ်းနီတစ်တောင့်က တစ်နှစ်ကနေ တစ်နှစ်ခွဲပဲ သက်တမ်းခံပါတယ်။ ဖောင်ဒေးရှင်းမိတ်ကပ်တွေဆိုရင် တစ်နှစ်-တစ်နှစ်ခွဲပဲ သက်တမ်းခံပါတယ်။

အလှကုန်ပစ္စည်းရွေးချယ်တဲ့ အခါ . . .
အတုအပပစ္စည်းက အွန်လိုင်းမှာတင်မကဘဲ အပြင်မှာလည်း ရှိပါတယ်။ တရားဝင်ကိုယ်စားလှယ် ကတစ်ဆင့်ရောင်းချတဲ့ အလှကုန်ပစ္စည်းတွေကိုပဲ ဝယ်ယူကြပါ။ လှချင်စိတ်တွေများပြီး အတုလား၊ အစစ်လားဆိုတာဆိုတာကို မဝေဖန် မဆန်းစစ်ဘဲ မဝယ်သင့်ပါဘူး။ ဈေးကြီးတဲ့ အလှကုန်သုံးမှ လှမှာ မဟုတ်ပါဘူး။ တရားဝင်တင်သွင်းထားပြီး ထုတ်ထားတဲ့ နိုင်ငံကလည်း တစ်ကမ္ဘာလုံးအသိအမှတ်ပြုထားတဲ့ အလှကုန်ပစ္စည်းကို ရွေးသုံးသင့်ပါတယ်။ အလှကုန်ကို ရွေးချယ်ရင် ဒီပစ္စည်းက တစ်ကမ္ဘာလုံး ဒါမှမဟုတ် မြန်မာနိုင်ငံမှာရော ဘယ်လောက်အထိကြာကြာ ရပ်တည်လာတဲ့ ပစ္စည်းလဲဆိုတာ ရွေးချယ်သင့်ပါတယ်။
ကိုယ်သုံးမယ့်အလှကုန်နဲ့ပတ်သက်ပြီး အစစ်အမှန်လား၊ အတုလားဆိုတာကို သေချာလေ့လာ သင့်ပါတယ်။ အရေပြားဆိုတာ ခန္ဓာကိုယ်မှာအကြီး ဆုံးအင်္ဂါကြီးပဲ။ အဲဒါကြောင့် အဲဒီအပေါ်တင်မယ့် အလှကုန်ပစ္စည်းကိုလည်း လေ့လာပြီးမှ သုံးစွဲစေချင်ပါတယ်။

ဓာတ်မတည့်မှုရှိ၊ မရှိ စမ်းသပ်ခြင်း(Allergy Test)
အလှကုန်ပစ္စည်းအသစ်တစ်မျိုးကို စတင် ဝယ်ယူတော့မယ်ဆိုရင် Allergy Test ကိုလည်း ပြုလုပ်သင့်ပါတယ်။ လည်ကုပ်မှာဖြစ်ဖြစ်၊ လက်မောင်းမှာဖြစ်ဖြစ် ကိုယ်သုံးမယ့် ပစ္စည်းကို စမ်းပြီး အပေါ်ကနေ လေလုံအောင် ပလာစတာလေးနဲ့ အုပ်ထားရမယ်။ အဲဒါကို ၂၄ နာရီကနေ ၄၈ နာရီလောက် စောင့်ကြည့်ရမယ်။ အဲဒီအချိန်မှာ တုန့်ပြန်မှုကို ကြည့်ရမယ်။ အရေပြား နီလာမယ်၊ စပ်လာမယ်ဆိုရင် မသုံးသင့်ပါဘူး။

အလှကုန်ပစ္စည်း သက်တမ်း
အလှကုန်ပစ္စည်းရဲ့ သက်တမ်းကုန်ဆုံးမှုကို လည်းဂရုစိုက်ရမယ်။ တချို့တွေကတော့ ပစ္စည်းအ စစ်အမှန်ကိုဝယ်သုံးပါရဲ့၊ အိုင်းရှဲဒိုးတို့ မက်စ်ကာရာ တို့ကိုနှစ်ချို့တဲ့အထိသုံးနေတာမျိုး တွေ့ဖူးပါတယ်။ မိတ်ကပ်တွေထဲမှာ အိုင်းရှဲဒိုးဆိုတာ သက်တမ်းအကြာဆုံးခံတဲ့အရာ . . သူ့သက်တမ်းက နှစ်နှစ်ရှိပါတယ်။ နှုတ်ခမ်းနီတစ်တောင့်က တစ်နှစ်ကနေ တစ်နှစ်ခွဲပဲ သက်တမ်းခံပါတယ်။ ဖောင်ဒေးရှင်းမိတ်ကပ်တွေဆိုရင် တစ်နှစ်-တစ်နှစ်ခွဲပဲ သက်တမ်းခံပါတယ်။ မျက်လုံးနဲ့ ပတ်သက်တဲ့ မက်စ်ကာရာ၊ အိုင်းလိုင်နာ၊ အိုင်းခရင်မ်တွေဆိုရင်အကုန်ခြောက်လပဲခံပါတယ်။ အလှကုန်တွေကို အဖုံးဖွင့်လိုက်ရင် အဲဒီအဖုံးမှာ 6M ရေးထားရင်ဖွင့်ပြီး ခြောက်လပဲ ခံတာပါ။ဒါတောင်မှ ကိုယ်က အလှကုန်တွေကို ဘယ်နေရာမှာ ထားသလဲဆိုတဲ့အပေါ် မူတည်နေပါသေးတယ်။ ပူတဲ့နေရာမှာထားရင် သက်တမ်း သိပ်မခံပါဘူး။ အေးတဲ့နေရာမှာ ထားသိုရပါမယ်။ ဒါတွေကို သက်တမ်းကုန်သွားတဲ့အခါ လူတွေက နှမြောပြီး မလွှင့်ပစ်ဘဲ ဆက်သုံးနေရင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။အလှကုန်ပစ္စည်းတွေကို မသုံးစွဲခင် အညွှန်းကို ဖတ်ကြည့်ရပါမယ်။ အသားအရေပေါ်တင်တဲ့ အလှ ကုန်ပစ္စည်းက စားတဲ့ အစားအသောက်တွေလိုပဲ အရေးပါပါတယ်။

အလှကုန်ပစ္စည်းအတုသုံးစွဲခြင်းကြောင့် ဖြစ်တတ်သည့် ဘေးထွက်ဆိုးကျိုးများ
ပါဝင်တဲ့ မကောင်းတဲ့ ပစ္စည်းတွေပေါ် မူတည်ပြီး ဘေးထွက်ဆိုးကျိုးကတော့ အများကြီးပါပဲ။ တချို့အလှကုန်တွေဆိုရင် စတီးရွိုက်တွေပါတယ်၊ အဲဒီအခါလိမ်းလိုက်ရင် ချက်ချင်းတော့ ကောင်းနေတာပဲ။ နောက်ပိုင်းကျတော့ အရေပြားထိခိုက်မှုတွေ ဖြစ်လာပါတယ်။ ကုန်ပစ္စည်းအတုတွေက အသား အရေအပြင်ပိုင်းမှာ ပျက်စီးမယ်၊ ပြီးတော့ အတွင်း ဲအထိ လှိုက်စားပြီးထိခိုက်မယ်။ ဒါကြောင့် ကျန်း မာရေးရှုထောင့်ကနေကြည့်ပြီး ဆင်ခြင်သင့်ပါတယ်။သုံးစွဲသူက ကိုယ်ဘယ်လို အလှကုန်တွေကို သုံးစွဲနေသလဲဆိုတာ သေချာလေ့လာစေချင်ပါတယ်။ အလှကုန်တွေကို သုံးစွဲတဲ့အခါ အလှအပ ရှုထောင့်ကနေမကြည့်ဘဲ ကျန်းမာရေးရှုထောင့်ကနေ ကြည့်စေချင်ပါတယ်။

တတ်ကျွမ်းနားလည်သူနှင့် ပြသသင့်
တချို့က အသားအရေပျက်စီးသွားရင် ဆရာ ဝန်မပြချင်ကြဘူး။ အရေပြား ဆိုးဆိုးရွားရွား ဖြစ်နေရင်၊ အသားအရေပြဿနာရှိနေရင် နားလည်တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်ရဲ့ အကူအညီကို ယူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top