Healthy Life Ad
Life Style

အောင်မြင်သော ဘဝကို အရောက်လှမ်းနိုင်ဖို့ဆိုရင် . . .

၊ကိုမိုး၊

ဘဝမှာ အောင်မြင်တိုးတက်သူအများစုကို ကြည့်လိုက်ရင် အလုပ်ကြိုးစားသူတွေ ဖြစ်တာကို သင်တွေ့ရမှာပါ။ တစ်ခါတစ်ရံ အလုပ်ကြိုစားလုပ် ကိုင်ပေမယ့် မအောင်မြင် ဖြစ်နေရင် ဒါက ကြုံလာ တဲ့အခွင့်အရေးကို မဖမ်းဆုပ်တတ်လို့ ဖြစ်ပါလိမ့်မယ်။ ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင်တော့ လိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေ ရှိပါတယ်။

– ငွေစုပါ
ငွေကိုရသမျှ သုံးပစ်တတ်တဲ့ အကျင့်ကအောင် မြင်မှုကိုဟန့်တားတဲ့ အရာပါ။ အောင်မြင်ဖို့ အတွက် တစ်ခါတစ်ရံ ငွေရှိနေဖို့ လိုပါတယ်။ အဲဒီအတွက် စုဆောင်းထားပါ။

– စာဖတ်ပါ
ဘယ်သူမှ ပြီးပြည့်စုံတဲ့ အရည်အချင်းမရှိပါဘူး။ ကိုယ့်မှာ ဘာအားနည်းချက်တွေ ရှိနေလဲ သိအောင်လုပ်ပါ။ အဲဒီအားနည်းချက်တွေ ပြည့်မီဖို့ စာဖတ်ပါ။ စာအုပ်တွေထဲက ဗဟုသုတကို ရယူပါ။

– အချိန်ကို တန်ဖိုးရှိစွာ အသုံးချပါ
တစ်နေ့တစ်နေ့ ဂိမ်းဆော့တဲ့အချိန်၊ ဖေ့စ်ဘွတ်ခ်သုံးတဲ့အချိန်တွေကို အောင်မြင်မှုအတွက် အသုံးချပါ။ အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲတတ်ရင် သင့်ဘဝကို သင်လိုသလို တည်ဆောက်နိုင်ဖို့ ခြေလှမ်း အစပဲ ဖြစ်ပါတယ်။

– ရည်မှန်းချက်ပန်းတိုင် ထားရှိပါ
ဘဝမှာ မသေချာတဲ့ ရည်မှန်းချက်တွေ မထားဘဲသေချာပြီး ဖြစ်နိုင်တဲ့ရည်မှန်းချက်ချမှတ်ပါ။ ပြီးရင် ဦးတည်တဲ့ အချိန်ကာလသတ်မှတ်ပါ။ ဥပမာ ဒီနှစ် ကုန်မှာ ငါဘာဖြစ်ရမယ်ဆိုတာမျိုးပေါ့။

– စိတ်ရှည်ပါ
ဘာပဲလုပ်လုပ် အခက်အခဲဆိုတာရှိမှာပဲ အဲဒီ အခက်အခဲကို မကျော်လွှားဘဲ နောက်ဆုတ်လိုက်ပြီ ဆိုတာနဲ့ ဒါအောင်မြင်မှုလမ်းစ ပျောက်သွားတာပဲ ဖြစ်ပါတယ်။ အဲဒီအတွက်စိတ်ရှည်ရှည်ထားပါ။ စိတ်ဓာတ်ခိုင်မာပြီး ပြင်းပြတဲ့သူဟာ နောက်ဆုံးတော့ အောင်မြင်မှုရရှိမှာပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top