Healthy Life Ad
International

လေလည်ခြင်းကြောင့် ခွဲစိတ်ခန်းအတွင်း လူနာမီးလောင်

၊ မိုးမင်းထွန်း ၊

ဂျပန်ဆေးရုံတစ်ရုံမှာ ခွဲစိတ်နေစဉ်အတွင်း လူနာလေလည်လိုက်တာကြောင့် မီးထတောက်ကာ လူနာရဲ့ တစ်ကိုယ်လုံး ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းသွားတယ်လို့ သိရပါတယ်။ ရှင်ကျုကုရပ်ကွက်မှ တိုကျိုဆေးတက္ကသိုလ် ဆေးရုံမှာ ဖြစ်ပွားခဲ့တာပါ။

အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက်ဟာ သားအိမ်ခေါင်းလေဆာကုထုံး ခံယူနေခဲ့ပါတယ်။ လေဆာက သူရဲ့လေလည်လိုက်တဲ့ ဓာတ်ငွေ့နဲ့ဓာတ်ပြုကာ မီးထတောက်ခဲ့ကာ သူရဲ့ လက်ကောက်ဝတ်၊ ခြေထောက်တွေအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်း အတော်များများ မီးလောင်ကျွမ်းသွားခဲ့ပါတယ်။

စစ်ဆေးမှုတွေအရ တခြားမီးလောင်စေတဲ့ ပစ္စည်းတွေ ခွဲခန်းထဲမှာ မတွေ့ခဲ့ရဘူးလို့ဆိုပါတယ်။ ခွဲခန်းသုံးပစ္စည်းတွေမှာလည်း ချို့ယွင်းချက် မတွေ့ခဲ့ရပါဘူး။ လူနာရဲ့လေလည်ဓာတ်ငွေ့က ခွဲခန်းထဲ ပျံ့နှံ့သွားပြီး လေဆာရောင်ခြည်နဲ့ဓာတ်ပြုကာ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ကြောင်း စစ်ဆေးသူတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top