Healthy Life Ad
Health Tips

အသေးစား အပူလောင်ဒဏ်ရာကို အိမ်မှာ ဘယ်လိုကုသကြမလဲ…

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဟင်းချက်ရင်းပဲဖြစ်ဖြစ် လက်အပူလောင်သွားပါသလား၊ ဆီပူစင်လို့ အရေပြားအပူလောင်သွားပါသလား။ အိမ်မှာ အလွယ်တကူရှိတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ အသေးစားအပူလောင်ဒဏ်ရာတွေကို ကုသပေးနိုင်ပါတယ်။

– လက်ဖက်ခြောက်
လက်ဖက်ခြောက်မှာ တန်နင်အက်ဆစ်ပါဝင်တာကြောင့် ပူလောင်နေတဲ့ အရေပြားက အပူတွေကို လျော့ပါးသက်သာစေပြီး နာကျင်မှုလျော့နည်းစေပါတယ်။ လောင်နေတဲ့ အရေပြားနေရာပေါ်မှာ လက်ဖက်အိတ်အစိုကိုကပ်ပေးပါ။

– ပျားရည်
ပျားရည်မှာ ဘက်တီးရီးယားပိုးသတ်အာနိသင်ရှိတာကြောင့် အရေပြားထဲပိုးမဝင်အောင် ကာကွယ်ပေးတဲ့အပြင် အရေပြားကိုအေးမြစေပါတယ်။

– နွားနို့
နွားနို့မှာ ပရိုတင်းဓာတ်နဲ့ အဆီဓာတ်ပါဝင်တာကြောင့် အရေပြား အပူလောင်ရာကို အေးမြစေရုံသာမက အနာကျက်နှုန်းကို အားကောင်းစေပါတယ်။ အကောင်းဆုံးရလဒ်ရရှိဖို့ အပူလောင်ဒဏ်ရာကို နွားနို့အေးထဲမှာ အချိန် ၁၅ မိနစ်ခန့် စိမ်ထားပေးပါ။

– ပူဒီနာသွားတိုက်ဆေး
အပူလောင်တဲ့ အရေပြားကို ရေအေးအောက်မှာထားပြီး ခြောက်သွေ့အောင်သုတ်ပါ။ ပြီးမှ ပူဒီနာသွားတိုက်ဆေး အနည်းငယ်သုတ် လိမ်းပေးပါ။ ဒါက အပူလောင်ဒဏ်ရာကို ချက်ချင်းအေးမြသွားစေတဲ့နည်း ဖြစ်ပါတယ်။

(Ref; TOI)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top